9 w - Translate

Mashle : Magic and Muscle


Season 1 Ep 1 မှ 12 အထိ
https://t.me/JAnimeMainChannel/23

ကဲ...ဒီတစ်ခါမှာတော့ SoulAnimedom ပရိသတ်ကြီးအတွက် Japan Anime ကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားပါ့မယ်။ ဒီ Anime လေးကတော့ Season 2 အထိထွက်ရှိထားတာဖြစ်ပြီးတော့ Season 3 ကိုလည်း 2025 မှာချပြမယ်ဆိုပြီး Confirm ရှိထားတဲ့ Mashle: Magic and muscle ပဲဖြစ်ပါတယ်။

မျက်နှာပေါ်မှာ အမှတ်အသားတွေပါတဲ့ မှော်စွမ်းအားရှင်တွေပဲ နေထိုင်ကြတဲ့လောကကြီးမှာ မှော်ပညာရှင်တိုရဲ့လူမှုအဖွဲအစည်းကို ထိန်းသိမ်းနိုင်စေရန်အတွက် မှော်စွမ်းအားကို လေ့ကျင့်ဖိုပါရမီမပါတဲ့သူတွေကတော့ အလျင်အမြန်သုတ်သင်ခံနေရပါတယ်။

တစ်နေ့ မှာ တော့ မှော်အသိုင်းအဝိုင်းနဲ့ ဝေးရာတောနက်ထဲက မွေးစားအဖေဖြစ်သူ Regro နဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ Mash တစ်ယောက်ဟာလည်း မှော်စွမ်းအား ကျင့်ကြံနိုင်ခြင်းမရှိတဲ့သူဆိုတာကို မှော်စွမ်းအားရှင်အဖွဲအစည်းဘက်က သိသွားပါတော့တယ်။ ဒီလိုနဲ့ မှော်စွမ်းအားမရှိဘဲ ဗလကိုသာအားကိုးနေရတဲ့ Mash တစ်ယောက် မှော်အဖွဲအစည်းကနေလက်ခံတဲ့ Divine Visionary တစ်ယောက်ဖြစ်လာအောင် ကျင့်ကြံဖိုတွန်းအားပေးခံရပါတော့တယ်။

မိသားစုကိုကာကွယ်နိုင်ဖိုအတွက် ပါရမီရှင်မှော်စွမ်းအားရှိသူတွေတက်ရောက်ရတဲ့ကျောင်းမှာ တက်ရောက်ဖိုရွေးချယ်လိုက်ရတဲ့ Mash တစ်ယောက် ကျောင်းတော်မဟာမှာ ခွန်အားကိုအသုံးချပြီး မှော်ပညာရှင်တွေကို ဘယ်လိုအလဲသိပ်သွားမလဲဆိုတာကို SoulAnimedom ကနေစောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။

image