9 ပတ် - ဘာသာပြန်ပါ။

ဘဝမှာအကောင်းဆုံး ရပ်တည်နိုင်ဖို့ (၄)ချက်
၁* အသိပညာ နှင့်နေပါ
အကောင်း အဆိုး အမှား အမှန်
အကြောင်း အကျိုးသိပြီး
လုပ်သင့်တာနဲ့ မလုပ်သင့်တာ
ဝေဖန် ပိုင်းခြား သိရပါမယ်
၂* စိတ်ဓာတ် တည်ငြိမ်ပါ
အောင်မြင်ချိန် မှာလဲ ဘဝင်မမြင့်
စိတ်ဓာတ် မောက်မာခြင်းမရှိ
မာနတွေ မထားပဲ စိတ်ဓာတ်
တည်ငြိမ်မှု ရှိရပါမယ်
လူအများဟာ ပစ္စည်းဥစ္စာ
ရာထူး အာဏာ ရှိလာတဲ့ အခါ
ပိုပြီးတော့ ပြောင်းလဲ တတ်ကြပါတယ်
၃* မျှဝေစိတ်ထား ရှိရမယ်
ရာထူး ကြီးတဲ့သူက ရာထူးနိမ့်တဲ့
သူကို အာဏာကြီးတဲ့သူက
အာဏာ မရှိတဲ့ သူကို
ချမ်းသာတဲ့သူက ဆင်းရဲ့တဲ့သူကို
သန်မာတဲ့ သူက
မသန်စွမ်းတဲ့ သူတွေကို
ကိုယ်ချင်းစာ တရားထားရှိ၍
မျှဝေခံစား တတ်တဲ့
စိတ်ကောင်း နှလုံးကောင်း ထားရှိရပါမယ်
၄* ခံနိုင်ရည် ရှိရမယ်
ကျရှုံးချိန်မှာလဲ စိတ်ပျက်အားငယ်မှု
မရှိ သည်းခံ နိုင်ရမယ်
ကျရှုံးချိန်မှာ ထင်ရာမလုပ်မိစေပဲ
မမြဲတဲ့ သဘောကို ဆင်ခြင်နိုင်ပြီးတော့
အောင်မြင်မှုလဲ ခဏတာ ပါပဲ
ကျရှုံးမှုလဲ ခဏတာပါပဲ
ဘယ်အရာမှ မမြဲခြင်းကို
တွေးတော ဆင်ခြင်နိုင်ပြီး
ဘဝကို အကောင်းဆုံးဖြစ်အောင်
ရပ်တည် နေထိုင် ရပါမယ်

image