ကြောင်ရှာသီးသုပ်

ကြောင်ရှာသီးကိုတော. မြန်မာပြည်နေရာတော်တော်များများမှာတွေ. ရပါတယ်..
ခါးတဲ.အရသာရှိပြီး သုပ်စား( အစိမ်း သို. မီးကင်)၊ ကြော်စား၊
မီးကင်ပြီးသော်လည်းကောင်း (သို.) ချဉ်ဖတ်ထည်.
ပြီးလည်းကောင်း တို.စရာအဖြစ်စားသုံးကြပါတယ်…
ကြွေကျလာတဲ.ကြောင်ရှာပွင့် ကိုအခြောက်
လှမ်းကာ ရေနွေးနှင့်ပြုတ်ပြီး သုပ်စားကြပါတယ်…
ဒါကကျွန်မသိသလောက်ပါပဲရှင်

ပါဝင်ပစ္စည်းများ

ကြောင်ရှာသီး နုနုတစ်တောင့်၊ကြက်သွန်နီတစ်လုံး၊
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
သံပုရာသီးတခြမ်း။

ပြင်ဆင်နည်း

ကြောင်ရှာသီးတောင့်ကိုရေဆေး ပါးပါးလှီးကာ ဆားနှင့် အလယ်ဆံထွက် သည်အထိ နယ်ပြီး ရေနှစ်ကြိမ်လောက် ဆေးပြီးရေညှစ်ထာ ပါ..

ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေဆေးပြီး ရေစစ်ထားပါ။

ရေညှစ်ထားသော ကြောင်ရှာသီးကို ပါးပါးလှီးထားသောကြက်သွန်၊ ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်းနှင့် သံပုရာသီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီးရှင်၊ ကျွန်မကတော.ငရုပ်သီးမှုန်.ပါထည်.သုပ်ထားပါတယ်..

ကြောင်ရှာပွင့်ခြောက်ကိုလဲ ပြုတ်ကာရေညှစ်ပြီး အထက်က အစာပလာများထည်.ကာသုပ်စားနိုင်ပါတယ်ရှင်.

-သက်သတ်လွတ်စားသုံးသူများ ပုဇွန်ခြောက်ထောင်းနှင့် ငံပြာရည်ထည်.ရန်မလို။

image