ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား
မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။
မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

image