9 ပတ် - ဘာသာပြန်ပါ။

ဂျိမ်းစဘွန်း ကြိုက်တဲ့သူတွေဆို Aston Martin ဆိုတာ သိလောက်မယ်လို့ထင်ပါတယ် realme က အခု Aston Martin နဲ့ပူးပေါင်းထားတဲ့ Edition ဖုန်းထုတ်ထားတယ်
realme GT7 Dream Edition တဲ့ ဖုန်းရဲ့ Theme ကတော့ လုံးဝကိုအစိမ်းရောင် Racing Green ကိုသုံးထားတယ် တစ်ခုသိထားရမှာက ကားထုတ်တဲ့ Aston Martin နဲ့မဟုတ်ပဲ Aston Martin F1 Team နဲ့ ပူးပေါင်းထားတဲ့အချက်ပါ
Racing Green က F1 Team မှာသုံးတဲ့ Hero Color ပေါ့
GT7 ကတော့ realme ရဲ့ အကောင်းဆုံးဖုန်းတွေထဲကတစ်ခုပဲ Dimensity 9400e , 7000 mAh Battery , 6000 nits Peak Brightness, IP69 Rating လိုတွေသုံးပေးထားတယ်
ဖုန်းရဲ့ Design ကတော့ ကျောဘက်မှာ F1 ကားတွေရဲ့ Aerodynamics Flow Line Design လိုသုံးထားတယ် Design ကတော့ အတော်လဲ အထာကျသလို သူ့ရဲ့အရောင်ကလည်း တော်တော်မိုက်တယ်
ဒီဖုန်းရဲ့ စျေးက $1000 ဝန်းကျင်လောက်အထိရှိပါတယ် Aston Martin F1 Team ကတော့ သူတို့ရဲ့ပထမဆုံး co-brand Phone ပါတဲ့ ပိုထူးခြားတာ multi-year plan လို့ဆိုထားပြီးတော့ တစ်နှစ်ကို ဖုန်း (၂) လုံး ထုတ်မယ်ဆိုထားပါတယ်
အလေးပေးမှာတွေက Ultra Performance နဲ့ Stand-out design လို့ဆိုထားပါတယ်

image