9 ပတ် - ဘာသာပြန်ပါ။

အားသွင်းမြန်တဲ့ iPhone တွေဖြစ်လာတော့မယ်
45W အားသွင်းစနစ် အထိ iPhone 17 မှာ ထည့်ပေးလာနိုင်ခြေရှိတယ်လို့ သတင်းထွက်နေတယ်
Wireless Charging စနစ်ကို အခုလောက်အထိ မြှင့်တင်မှုလုပ်ပေးနိုင်မယ်လို့ သတင်းထွက်လာတယ်ဆိုတာ သတင်းကောင်းပါ
Leak ဖြစ်လာတဲ့ Qi 2.2 MagSafe Charger တစ်ခုကနေ အခုလို အချက်အလက်တွေသိခဲ့ရတာဖြစ်ပါတယ် လက်ရှိမှာက Qi 2.0 စနစ်ကိုသုံးထားဖြစ်ပြီး 15W အထိ ပဲအမြင့်ဆုံးရတာဖြစ်ပါတယ်
Qi 2.2 က သိထားရသ​လောက်ဆိုရင် အမြင့်ဆုံး 50W အထိ Support ပေးပါတယ်
Apple က ဘယ်တော့မှ ဘယ်လောက် Fast Charging သုံးလဲ မပြောတော့ iPhone ပေါ်မှာတော့ ဘယ်လောက် အမြန်ဆုံး ပါလာမလဲက ဖုန်းတွေထွက်မှပဲ သိရပါမယ်
Android တွေမှာဆိုရင်တော့ Wireless Charging စနစ်ဆိုရင်တောင် 80W / 100W တွေအထိဆိုတော့ iPhone တွေမှာ ပိုမြန်တာ ပါလာရင်တောင် မှီဦးမှာမဟုတ်ပါဘူး

image