9 ပတ် - ဘာသာပြန်ပါ။

Maharshi [2019]

IMDb Rating - 7.9/10

2018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရ်ှဘာဘူကို ဒီရုပ်ရှင်မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။

မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။

ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှြားပါဘူး။

ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။

ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။

မာဟေ့ရ်ှကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။

သူဟာ ဒီလို ဘဝရောက်ခဲ့ဖို ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ် ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။

ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့ မိသားစုဖက်မှာဆိုရင် ပြန်တောင်းလိုမရနိုင်တော့တဲ့ နောင်တတွေနဲ့။

ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။

အဖက်ဖက်မှာ အောင်မြင်ဖိုဆိုတာလည်းသူ့အတွက် မလွယ်လှ မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။

အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။

နှလုံးသားရဲ့ လိုအင်ကို ချိုချဉ်ကျွေးပြီးလျှိထားချင်လိုမှ မရဘဲ။

ကဲ ရီရှီဆိုတဲ့ ကမ်ဘာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့စီအီးအို... ခရီးဆက်ပါပြီ။

ဒီဇာတ်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊သူငယ်ချင်းကောင်းစိတ်ဓာတ်၊အချစ်ရေးတွေအပြင်အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ နိုင်ငံရေးနဲ့တွဲပြီး မြင်ရမှာပါ။

ဇာတ်လမ်းထဲ အကြောင်းအရာများပြီးအကြောင်းရင်းတစ်ခုစီမှာရသတစ်ခု ပေးထားတယ်လို မြင်မိပါတယ်။

တေလဂူး ပြည်နယ်ဇာတ်ကားမို သူတိုရဲ့ သဘာဝအတိုင်း အချစ်၊ ဘဝသရုပ်ဖော် စတာတွေနဲ့ပြည့်နှက်နေပြီး အက်ရှင်၊အကတွေလည်း ပါပါသေးတယ်။

အက်ရှင်တွေမှာ အိုဗာတွေပါတာတော့သူတိုရဲ့ သဘာဝမို နားလည်ကြည့်ရမှာပါ။

ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားအများစုအားရစရာမရှိတဲ့ 2019ခုနှစ်မှာတော့ကျေနပ်စရာ ဇာတ်ကားတစ်ကား အဖြစ် မြင်မိပါတယ်။
                      
ဒီLinkလေးကိုအရင်Joinပေးပါဗျ⬇️⬇️

https://t.me/+WPMSrPX1wBw1ZTI1

ဇာတ်ကားကြည့်ရန်Link⬇️⬇️

https://t.me/c/2483405328/297

image