27 ပတ် - ဘာသာပြန်ပါ။

🌼သံယောဇဥ် ဆိုတာ နှစ်ခုရှိတယ်။

အချစ်သံယောဇဥ်နဲ့ အမုန်းသံယောဇဥ်။

လူတွေက ချစ်တာပဲ သံယောဇဥ် ထင်နေတာ။

မုန်းတာလည်း သံယောဇဥ်ပဲ။

ကိုယ့်ကိုယ်ကို စဥ်းစားကြည့်။မုန်းတဲ့သူ ခဏခဏ သတိမရဘူးလား။
ရတယ်။

မုန်းစိတ်နဲ့ သတိရတာလေ။
အဲ့တာ အမုန်းသံယောဇဥ်ခေါ်တယ်။

မနာလိုတာလည်း သံယောဇဥ်ပဲလေ။
မနာလိုတဲ့ သူကိုလည်း ခဏခဏ သတိရတယ်။
အဲ့တာ သံယောဇဥ် ရှိလို့သတိရတာပေါ့။

အဲ့တော့ သံယောဇဥ်ဆိုတာ အမျိုးမျိုးရှိတယ်။

ချစ်လို့လည်း သံယောဇဥ် ဖြစ်တယ်။

မုန်းလို့လည်း သံယောဇဥ် ဖြစ်တယ်။

မနာလို လို့လည်း သံယောဇဥ် ဖြစ်တယ်။

အာရုံထဲမှာ စွဲလန်းနေတာ တွေ မှန်သမျှ
သံယောဇဥ် လို့ခေါ်တာ။

🔆ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ🔆

မဟာသမယနေ့၌ ဟောကြားအပ်သည့် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များ တရားတော်မှ

#ပါချုပ်ဆရာတော် #တရားမှတ်စု

image