'' အချစ်ဆိုတာ အပြန်အလှန်ရှိရမယ်မှရယ်လည်း
မဟုတ်ပါဘူး တစ်စုံတစ်ယောက်ကို ချစ်တဲ့စိတ်ကလေးနဲ့
ကိုယ့်ဘဝကို ကိုယ်လှလှပပလေး တည်ဆောက်သွားလို့
ရတယ်။ ယုတ်စွအဆုံး ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်ကလေး
ရှိရင်တောင် ကိုယ့်ဘဝက ဖြောင့်မတ်နိုင်ပြီလေ... "
အတိတ်ဆိုတာ ပြန်သွားလို့မရပေမယ့်
အတိတ်တိုင်းဟာ
ထာဝရ ပြီးဆုံးသွားတာမျိုးတော့ မဟုတ်ဘူး ။
အတိတ်တွေမှာ မမြင်နိုင်တဲ့
လွှမ်းမိုးမှုတွေ ရှိတယ် ။
မကြားရပေမယ့် ရိုက်ခတ်နေတဲ့ အသံတွေ ရှိတယ် ။
ခန္ဓာကိုယ်က ငြိမ်နေပေမယ့်
လှုပ်ရှားနေတဲ့ နှလုံးသားတွေ ရှိသလိုမျိုးပဲ
ငြိမ်သက်နေကြပေမယ့် အသက်ဝင်နေတဲ့ ခံစားချက်တွေ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ အများကြီး ရှိတယ်
အသံဆိုတာ နံရံတွေကို ရိုက်ခတ်ပြီး
ပဲ့တင်သံ ထွက်လာတတ်သလိုမျိုး
အနာဂတ်မှာဖြစ်မယ့် ကိစ္စတွေဟာ
အတိတ်ကို ရိုက်ခတ်ပြီးမှ ပဲ့တင်သံ ထွက်လာရတာ…
#ပုညခင် #အနောက်တောင်အရပ်မှလာခဲ့သူ

image