10 w - Translate

"လူ'' စာ မတတ်တာ
သုံးစားလို့ ရချင်ရလိမ့်မယ်။

"လူ'' ကိုယ်ချင်းစာတရား မဲ့ရင်
တိရစ္ဆာန်ထက် ဆိုးတယ်။

သင် အနိုင်ရတိုင်း
သိပ်ပျော်မနေပါနဲ့။

သင် ရှုံးနိမ့်တဲ့အခါ
ငိုရလိမ့်မယ်။

သူတစ်ဖက်သား အပေါ်...
ကိုယ်ချင်းစာနာစိတ် မရှိလျှင်
သင့်အပေါ်
တန်ပြန်သက်ရောက်မှုက
သိပ်မကြာဘူးဆိုတာ မမေ့ပါနဲ့။

ဝဋ်ကြွေးဆိုတာ
ကိုယ်ကယူခဲ့လို့ ပေးဆပ်ရတာ။
ယူပြီးရင်တော့
ဆပ်ရဖို့ မမေ့ပါနဲ့။

သင်လုပ်ခဲ့သမျှ
သင်ပြုခဲ့သမျှ
သင့်ထံ ပြန်လာဦးမှာပါပဲ။

သင့်အရိပ်က
သင့်နောက်လိုက်နေမှာကို
မမေ့ပါနဲ့။

ကိုယ်တိုင်က မကောင်းတာကို
သူတစ်ပါးကောင်းဖို့ မမျှော်လင့်နဲ့။

သင်နဲ့ ထိုက်တန်သလောက်သာ
သင် ရပါလိမ့်မယ်။

အနိုင်ရတိုင်း
အနိုင်မယူချင်နဲ့။

သူ့ဝဋ်ကြွေးရှိသရွေ့တော့
သူပေးဆပ်ရလိမ့်မယ်။

သူ့ဝဋ်ကြွေးကုန်တဲ့နေ့ဟာ

သင့်ဝဋ်ကြွေး ပြန်စမယ်ဆိုတာ
မမေ့ပါနဲ့။

ဝဋ် ဆိုတာက
နောက်ဘဝ မကူးဘူး။

ဒီဘဝမှာတင်
ချက်ချင်း လည်တတ်ပါတယ်။

image