ပညာရှိဆိုတာ တိတ်ဆိတ်တယ်
အပြောအဆို နူးညံ့တယ်။
စကားအများကြီး မပြောဘူး
စကားနည်းတယ်
ပြောတဲ့စကားတွေထဲ
ပညာသားပါပါ ပြောတယ်။
စကားနည်းနည်းနဲ့ ထိအောင်ပြောတယ်
သူတစ်ပါး နားလည်အောင်ပြောတတ်တယ်။
အလုပ် ခွင်ထဲလည်း
သူတို့ဘယ်လောက်လုပ်ကြောင်း
ကြွားနေမှာမဟုတ်ပါဘူး"
သူလုပ်စရာရှိတာ လုပ်သွားတာပဲ
တည်ငြိမ်မှုရှိတာပေါ့။
သူတို့ဘယ်လောက်ရှိကြောင်းလဲ
မျကြားပါဘူး
သူများလာပြောရင်လည်း
ပြုံးပြုံးလေးပဲ နားထောင်သူတွေပေါ့။
ပညာမဲ့ တွေကတော့
ဒီလိုမဟုတ်ပါဘူး...
စကားကို စွာကျယ်စွာကျယ်ပြောတယ်
သူများကို အနိုင်ရအောင်ပြောတယ်
ဒီလိုလူမျိုးက သူတစ်ပါးကို စကားအရအနိုင်ရလိုက်ပေမဲ့စိတ်ဓာတ်ရေးရာ ရှုံနိမ့်လိုက်မှန်း မသိကြပါဘူး။
အလုပ်ကိုလည်း နည်းနည်းလုပ်ပြီး
များများပြောတယ်
သူတို့ ဘယ်လောက်အလုပ်လုပ်ကြောင်း
လူသိအောင် ကြွားဝါတယ်။
သူတို့ဘယ်လောက် ချမ်းသာကြောင်း
ဘယ်လောက်ရှိကြောင်းလဲ
အမြဲပြောတတ်ကြတယ်
အမြဲကြွားဝါတတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလည်း
အမြဲ အထင်သေးတတ်ကြတယ်။
ပညာရှိနဲ့ ပညာမဲ့က သူတို့ရဲ့
အပြောအဆို၊အပြုအမူ၊အနေအထိုင်
အလုပ်အကိုင် ဒါတွေကို ကြည့်ခြင်းနဲ့
သိရှိနိုင်ပါတယ် ....
