1 w - Translate

လောကမှာ
မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်။

လူတစ်ချို့က
ကိုယ့်ကိုကိုယ်အတော်ဆုံးပါလို့ ထင်မြင်ပြီး---
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။

ကိုယ့်ထက် မိုးပျံအောင်
တော်တတ်နေတဲ့သူတွေ တစ်ပုံကြီး
ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

လူတစ်ချို့က
ကိုယ့်ကိုကိုယ်အချမ်းသာဆုံးပါလို့
မှတ်ထင်ပြီး---
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်။

ကိုယ့်ထက်
ကျိကျိတက်ချမ်းသာသူတွေ
ဒုနဲ့ ဒေး ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

လူတစ်ချို့က ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး---
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်။

ကိုယ့်ထက် ပေါများ ပြည့်လျှံသူတွေ အမြောက်အများရှိတယ်ဆိုတာ
သိထားဖို့လိုပါတယ်။

ဘဝမှာ
လူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူရှိကြပါတယ်။

ကိုယ့်မှာ မရှိတဲ့အရည်အချင်းတွေ
သူ့ဆီမှာရှိနိုင်သလို---

သူ့မှာမရှိတဲ့အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်။

ဘာမှမမြဲတဲ့
လောက ဘဝကို
ပုံသေတွက်မထားပါနဲ့။

အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးမှာရှိနေတာမို့
ဘယ်သူကိုမှ အနိမ့်အမြင့် မခွဲခြားသင့်တာ
ကောင်းပါတယ်။

လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်။

image