10 ပတ် - ဘာသာပြန်ပါ။

#ငါးပေါင်းထုပ် စားချင်နေသူများ လုပ်နည်းလေးပါ 😋
လိုအပ်ရင်သိမ်းထားနော်😍

ငါးပေါင်းထုပ်က မျှစ်နဲ့လုပ်စားလည်းရတယ်
ဒါကတော့ မှိုရယ် ငှက်ပျောဖူးရယ်နဲ့လုပ်တာ
-ငါးဖယ်ငါးခြစ်
-ဆန်လှော်မှုန့်
-ကြက်သွန်ဖြူဂျင်းစပါးလင်ညက်ညက်ထောင်း
-ငရုတ်သီးအရောင်တင်မှုန့်
-ပုစွန်
-ကြက်သွန်နီအကွင်းလိုက်ထူထူလှီးထားတာတွေလိုအပ်ပါတယ်
-မှို
-ငှက်ပျောဖူး
-ဂေါ်ရခါးသီး
-ရဲယိုရွက်တွေထည့်တယ်

အားလုံးကိုရောနယ်တယ် ပင်စိမ်းရွက်ပါထည့်တယ် ဆားအနည်းငယ်ထည့်နယ်တယ်
အောက်ကငှက်ပျောရွက်
ပြီးရင်ရဲယိုရွက်ခံတယ်
အဲ့အပေါ်မှာနယ်ထားတာတွေတစ်ထုပ်စာချင်းထည့်တယ်
အထုပ်လေးတွေထုပ်တယ်
ပြီးရင်ပေါင်းအိုးထဲရေခံပြီးဆယ့်ငါးမိနစ်လောက်ပေါင်းလိုက်တယ်
ပြီးရင်တော့အဆင်သင့်စားသုံးလို့ရပါပြီ

image