10 w - Translate

📆 ဥပမာ ပထမ အပတ်တုန်းက ထိုင်ထလုပ်တော့ ၁၀ ကြိမ်ထိ လုပ်တဲ့အခါမှာ Failure ဖြစ်တယ်။ နောက်အပတ်မှာလည်း Failure ဖြစ်တဲ့ထိတော့ လုပ်လိုက်တာပဲ ဒါပေမယ့် ၈ ကြိမ်နဲ့တင် failure ဖြစ်သွားခဲ့မှန်း သူမသိခဲ့ဘူး။
😌 “သူသိလိုက်တာက ပင်ပင်ပန်းပန်းလုပ်လိုက်တော့ တိုးတက်မှုရှိနေတယ်ပေါ့လေ..”
❌ ဒါကို တိုးတက်မှုလို့ မခေါ်ပါဘူး။ အဲ့လိုအခြေနေမှာ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်။
💡ဥပမာ
- အိပ်ရေးမဝတာလား
- အရင်ရက်တွေက အစာအဟာရ မပြည့်ဝခဲ့လို့လား
- လူနေမှုဘဝမှာ stress တွေများနေလို့လား.
- Program Style က Recovery ဖြစ်ဖို့အရမ်းခဲယဉ်းနေတာလား.. စသဖြင့်ပေါ့လေ။
✅ ဒါကြောင့် Program တခုက ကိုယ့်လူနေမှုဘဝနဲ့ ကိုက်ညီနေဖို့ အရမ်းအရေးကြီးပါတယ်။
💡လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို Stress ဖိအားတွေပေးနေတာဖြစ်ပါတယ်။
✔️ Physical Stress ဖြစ်စေ၊ Mental Stress ဖြစ်စေ Stress က Stress ပါပဲ**
❗️အဲ့ဒီအတွက် Program Style က ကိုယ့်ဘဝမှာ ပိုပြီး ဖိအားများလာနေပြီဆိုရင် လိုချင်တဲ့ရလဒ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်။
💡ဆိုတော့ ထိနေတိုင်း ပင်ပန်းနေတိုင်း တိုးတက်နေတာ မဟုတ်ပါဘူး။ တိုးတက်မှုကို သိရဖို့အတွက် အရင်အပတ်က လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေရဲ့ အကြိမ်ရေ သို့မဟုတ် အလေးဝန်ကို သိနေဖို့လိုပါတယ်။ 📝 (အလွတ် မှတ်မိရင်တော့ တမျိုးပေါ့လေ)
ဒါကြောင့် အပတ်တိုင်း လေ့ကျင့်ခန်းအမယ်တွေ အများကြီးပြောင်းနေလို့လည်း သိပ်အဆင်မပြေပါဘူး။
💪🏾 (ဘယ်လှုပ်ရှားမှုမှာ သန်မာမှု တိုးလာနေသလဲဆိုတာသိရဖို့ အရမ်းခက်သွားပါမယ်။ ပိုလို့တောင် ကြန့်ကြာစေပါမယ်)