ထန်းသီးမုန့်လုပ်နည်းမေးထားလို့...
ထိုင်းလိုတော့ ခနုံတန်းလို့ခေါ်တယ်။
ထန်းသီးအမှည့်ကို အခွံတွေခွာ အနှစ်တိုက်။
အဲအနှစ်တွေကို သေချာပြန်စစ်ထားတဲ့ ထန်းသီးအနှစ်နဲ့ လုပ်ထားတာ။
ထန်းသီးမှည့်မရှိချိန်ကျ ထန်းသီးမှည့်အနှစ် Readymadeနဲ့လုပ်ကြတယ်။
ဆန်မှုန့် 500 g
ထန်းသီးနှစ် 150 g
သကြား 400 g
အုန်းနို့ 500 ml
Yeast 5
ကြက်ဥ ၂လုံး
ဆား လဖရဇွန်း ၁ဇွန်း
Baking Powder 15 g
ဆန်မှုန့်/ အုန်းနို့ 200ml ကိုမုန့်နှစ်ရအောင်နယ်ပါ။
ထန်းသီးနှစ် ထည့်နယ်ပါ။
ကြက်ဥနှစ်လုံး/ သကြား/ ဆား/ Yeast/
Baking Powder ထည့်မွှေပါ။
ကျန်တဲ့အုန်းနို့ အကုန်ထည့်ပြီး မုန့်နှစ်ရတဲ့အထိမွှေပါ။ မုန့်နှစ်သားချောလာရင် ၁နာရီ အုပ်ထားပြီး မုန့်အပွခံပါ။
ပြီးရင် ဇွန်းနဲ့သေချာပြန်မွှေပြီး ခွက်ထဲထည့် ရေနွေးငွေနဲ့ ပေါင်းပါ။
အုန်းသီးခြစ်ပြီးသား တခါထဲထည့်လို့ရသလို ပေါင်းပြီးမှထည့်လဲရတယ်။
