#တို့ဟူးနွေး ကို အိမ်မှာအလွယ်လေး လုပ်စားလို့ရအောင်ပါ Save😋

I. တို့ဟူးနွေး ကျို ရန် -

ပါ၀င်ပစ္စည်းများ

မွှေးပဲမှုန့် - အစိမ်း - ၂၅ကျပ်သား

မွှေးကော်မှုန့် - ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ရေ - ၃ လီတာ

ဆား - အနည်းငယ်

နနွင်းမှုန် ့ - အနည်းငယ်

ပြုလုပ်နည်း -

ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။

မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ - ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရျ် မီးအနေတော် ထားရျ် ကျိုပါ။

နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။
ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။

ပဲရည်ပူရျ် မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။

ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။

ပိုပြျစ်လာစေရန် ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။ လောင်းထည့်ချိန်တွင် မခဲသွားစေရန်

အဆက်မပြတ်မွှေပေးနေပါ။
အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။

ဆီ မွှေး ပြု လုပ်ရန်

ပါ၀င်ပစ္စည်းများ

ငရုတ်ကောင်း

ဝှါးကျောင်းစေ့

ရှောင်ကေား

ကြက်သွန်ဖြုဆီချက်

ငရုတ်သီးကြော်

မြေပဲ မညက်တညက်ထောင်း

နမ်းလှော်

ထန်းညက်ရည်

ပဲငံပြာရည် အပျစ်

ကြက်သွန်မိတ်

နံနံပင်

ဆန်စီး ခေါက်ဆွဲ သို့ ရေစိမ် (ခေါက်ဆွဲပါ ထည့်စားမည်ဆိုပါက)

ပြုလုပ်နည်း -

ဒယ်အိုးထဲတွင် ရှောင်းကား ၊ ငရုတ်ကောင်းစေ့ ၊ ဝှါးကျောင်းစေ့ကို လှော်ပြီး လုံးခြမ်းခွဲ ထောင်းပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။

ငရုတ်ခွဲကြမ်းမှုန့် ကိုလဲ ပန်းကန်လုံး နောက်တခုထဲ ထည့်ထားပါ။

အိုးထဲတွင် ဆီများများကို အပူပေးပြီး ပူလာသည့် ဆီကို အမွှေးအကြိုင်များ ထည့်ထားသည် ပန်းကန်လုံးများ ထဲသို့ လောင်းထည့်ပါ။

ငရုတ်သီး ဆီချက်ကိုလဲ ထိုနည်း အတိုင်းပြုလုပ်ပါ။

လက်ကျန်ဆီထဲတွင် ကြက်သွန်နီကို အကြွပ်ကြော်ပြီး စစ်ထုတ်ပါ။
ကြက်သွန်ဖြူကို မညှက်တညှက် ထောင်းပြီး ဆီချက် ချက်ရျ် နှမ်းလှော်ပါပေါင်းထည့်ပါ။

မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။

ထန်းညှက်နှင့် ပဲငံပြာရည်အပျစ်ကို ခပ်ပျစ်ပျစ်ကျိုပါ။
နံနံပင် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။

ကြက်သွန်ဖြူ နှင့် နံနံပင် အနည်းငယ်ကို ညှက်နေအောင် ထောင်းပြီး ရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။

မုန့် ပွဲ ပြင် နည်း

ခေါက်ဆွဲကို တစ်ပွဲစာ စားမည့် ပန်းကန်လုံး ထဲတွင်ထည့်ရျ် တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီး တိုဟူးနှစ်ရည်ကိုပါ ထည့်လိုက်ပါ။

ပြီးလျင် အပေါ်မှ ပြင်ဆင်ထားသည့် မြေပဲထောင်း ၊ ဆီမွှေး ၊ ငရုပ်ဆီ နှင့် နှမ်းလှော် ၊ ကြက်သွန်ဖြူအစိမ်းရည် ၊ ထန်းညက်ရည်ကျို ၊ နံနံပင် ၊ ကြက်သွန်မိတ် တို့နှင့် ပြင်ရျ် စားကြသည်။

တို့ဟူးနွေး နှင့် တွဲ၍ တို့ဟူးကြော် ၊ အီကြာကွေး ဝက်ခေါက်ကြော် တို့နှင့်လည်း တွဲ
စားကြပါသည် ။

image