10 ပတ် - ဘာသာပြန်ပါ။

ဝက်ခြေထောက် တုံယမ်စွပ်ပြုတ် စပ်စပ်လေး....😋
ပါဝင်ပစ္စည်းများ.........
* ဝက်ခေါက်ကို အရိုးထုတ်ပြီး လှီးထားပါ (မီးကင်ထားသော)
* ပဒဲကော
* စပါးလင်
* ရှောက်ရွက်
* ကြက်သွန်နီ
* ခရမ်းချဉ်သီး
* သံပုရာရည်
* ငါးငံပြာရည်
* ငရုတ်သီးခြောက်ထောင်း
* ငရုတ်သီးစိမ်း
* ကြက်သွန်မြိတ်
* တရုတ်နံနံပင်
* ကုလားနံနံပင်
ပြုလုပ်နည်း..........
* ဝက်ခေါက်ကို ရေနွေးဆူဆူတွင် ထည့်ပြုတ်ပြီး အမြှုပ်များကို ဖယ်ရှားပါ (နူးအိလာသည်အထိ ပြုတ်ပါ)။
* ပဒဲကောနှင့် စပါးလင်ထည့်ပါ။
* ဝက်ခေါက်နူးအိလာပါက ကြက်သွန်နီ၊ မန်ကျည်းမှည့်၊ ခရမ်းချဉ်သီးတို့ကိုထည့်ပြီး မီးလျှော့ပါ။
* ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်ထောင်း၊ ကြက်သွန်မြိတ်တို့ကို ဆိတ်ထည့်ပါ။
* ငါးငံပြာရည်၊ သံပုရာရည်တို့ဖြင့် နှစ်သက်ရာအရသာရသည်အထိ ပေါင်းထည့်ပါ။
* တရုတ်နံနံပင်နှင့် ကုလားနံနံပင်တို့ဖြင့် အပေါ်မှ ဖြူးပေးပါ။
ဒါဆို စားကောင်းတဲ့ ဝက်ခြေထောက် တုံယမ်စွပ်ပြုတ် စားလို့ရပါပြီး......။ 😋

image