Frontier ဆိုတဲ့နာမည်ကိုတော့ ကိုယ့်လူတို့နည်းနည်းစိမ်းကောင်းစိမ်းနိုင်ပါတယ်။ ဘာလို့ဆို ဒီနာမည်က ကနေဒါနဲ့ လက်တင်အမေရိကစျေးကွက်မှာသာ ရောင်းချတဲ့ ဂရိတ်မို့ပါ။ ကျွန်တော်တို့ အာရှနဲ့ Middle East စျေးကွက်မှာတော့ Navara ဆိုပြီးလာပါတယ်။ ဒါ့ကြောင့် Frontier ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ဆီမှာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ Navara ပါပဲ။ Segment ကတော့ Midsize Pickup တစ်စီးထဲဝင်တာမို့ ဒီကောင့်ရဲ့ပြိုင်ဘက်တွေက Ranger, Tacoma နဲ့ Chevy Colorado တို့ဆိုပါတော့။ သို့ပေမယ့်လို့ Hilux နဲ့ Ranger လောက်သာအစိုးရတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ Navara ကို ထင်သလောက်ကြီး ပေါပေါလောလောမတွေ့ရနိုင်ပါဘူး။
ဆိုတော့ အောက်ကပုံထဲမှာတွေ့ရတာကတော့ Nissan နဲ့ Dongfeng တို့ပူပေါင်းထုတ်ထားတဲ့ all-new Frontier Pro ပါ။ တရုတ်ကားကုမ္ပဏီနဲ့ပူးပေါင်းထုတ်ထားတယ်လို့ မပြောရလောက်အောင် တရုတ်ကားတစ်စီးပုံပေါက်နေတယ်ဟုတ်? အဖြေကတော့ရှင်းပါတယ်။ တရုတ်မားကတ်မှာပဲ သီးသန့်ရောင်းချတဲ့ Nissan Dongfeng Z9 ဆိုတဲ့ Pickup တစ်စီးအပေါ်မှာပဲ ဒီ Frontier Pro ကို တည်ဆောက်ထားလို့ပါ။ ကနေ့ခေတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ ဇွတ် Futuristic လုပ်နေကြတော့ ကျွန်တော်တို့သိထားတဲ့ Pickup တွေရဲ့ အသွင်အပြင် လက္ခဏာရပ်တွေ တစ်ဖြည်းဖြည်းဆိုသလို ပျောက်ကွယ်လာတာ အမှန်ပါပဲ။
Anyway, ကားရဲ့ Design Language က Big Blocky ဖြစ်ဖြစ်နဲ့ ရှေ့က Front-end တစ်ခုလုံးမှာတော့ full-width LED light bar တွေ များများစားစားသုံးထားပါတယ်။ ဒါကလည်း Dongfeng Z9 နဲ့ ရင်းနှီးပြီးသားသူဆိုရင်တော့ သိသိသာသာကြီးထူးဆန်းနေမှာတော့ မဟုတ်ပါဘူး။ Off-Road နဲ့ ပတ်သက်ပြီးကတော့ ဒီကောင့်မှာ AWD ကို 4High/4Low mode နှစ်မျိုးချိန်းနိုင်မယ်လို့သိရသလို အနောက်ဘက် rear suspension ကလည်း Five-link ဖြစ်သွားမယ်၊ ပြီးရင် Electronically ထိန်းချုပ်လို့ရမယ့် rear diff lock တွေပါလာမယ်။
အတွင်းခန်းကြည့်ရသလောက်တော့ Frontier Pro က Luxury Truck ဘက်ကိုတောင် ပိုသွားတယ်မြင်မိပါတယ်။ Kars - Burma ရဲ့ ကောမန့် sections တွေမှာ လာမန့်တဲ့အကိုတွေပြောသလိုပဲ အခန်းထဲ တရုတ်မတွေဝင်လာပြီမို့ 14.6" Infotainment Screen နဲ့ 10" digital gauge cluster တို့က စီးလို့ကြိုနေပါပြီ။ Panoramic sunroof နဲ့ heated/cooled/massaging ရမယ့် ရှေ့ထိုင်ခုံတွေကိုတော့ optional အနေနဲ့ ဝယ်ယူထည့်သွင်းရပါမယ်။
Powertrain အကြောင်းဆက်ပြောရရင် ဒီကောင်က PHEV (Plug-in Hybrid) အမျိုးအစားဖြစ်သွားပါပြီ။ 1.5L turbo-four အင်ဂျင်ကို transmission-mounted လုပ်ထားတဲ့ လျှပ်စစ်မော်တာနဲ့ချိတ်ဆက်ပေးထားပါတယ်။ Total Output အနေနဲ့ 402 Hp နဲ့ 590 lb-ft of Torque ထွက်မယ်ဆိုတော့ ဒါဟာ Ranger Raptor နီးနီးတော့ ရှိပြီဗျ။ သို့ပေမယ့် Ranger Raptor ကတော့ ဘာ Hybrid Tech မှမပါတဲ့ Twin-Turbo V6 စစ်စစ်ပေါ့လေ။ Anyway, Midsize Pickup တစ်စီးအတွက် 402 Hp က လုံလောက်နေပြီလို့ပြောနိုင်ပေမယ့် PHEV ဖြစ်သွားတဲ့အတွက် အလေးချိန်ဘယ်လောက်ပိုတိုးလာသလဲရယ်၊ Towing Capacity ရယ်ကိုတော့ တစ်ချက်စောင့်ကြည့်ရမှာပေါ့။
လောလောဆယ်အရတော့ ဒီ all-new Frontier Pro ကို တရုတ်စျေးကွက်မှာပဲ ရောင်းချသွားအုံးမယ်လို့ သိရပါတယ်။ အကယ်၍ တရုတ်စျေးကွက်မှာအောင်မြင်ခဲ့လျှင်တော့ US နဲ့ အရှေ့တောင်အာရှစျေးကွက်တွေကိုပါ ဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဆိုတော့ ဒီ Frontier Pro အပေါ် ကိုယ့်လူတို့ရဲ့အမြင်တွေကိုလည်း ကောမန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအုံး။ အားလုံးပဲ သာယာသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။
