1 w - Translate

မြန်မာလိုပြောရရင် ဟိုးရှေးရှေးတုန်းကပေါ့။ Ferrari 250 GTO, Jaguar D-Type နဲ့ Porsche 550 Spyder တို့လိုကောင်တွေ တနင်္ဂနွေနေ့မှာ race track ကိုသွား၊ ပြီးရင် အကြိတ်အနှယ် ပြိုင်ဆိုင်ကြပြီး တနင်္လါနေ့မှာ အဲ့ဒီကားတွေနဲ့ပဲ အိမ်ကိုပြန်လို့ရတဲ့အထိ race car နဲ့ road car တို့ almost the same ဖြစ်ခဲ့ကြတဲ့ခေတ်က်ို ကားချစ်သူတွေ မှတ်မိကြအုံးမယ် ထင်ပါရဲ့။
ဒီလိုနဲ့ 1960 ပြည့်နှစ်လောက်ကစလို့ Le Mans ပြိုင်ကားတွေမှာ road legality တစ်စတစ်စပျောက်ကွယ်လာရကနေ race car တွေအနေနဲ့လည်း street ပေါ်မှာ အံဝင်ခွင်မကျနိုင်တော့သလို race car နဲ့ road car တစ်စီးရဲ့ ကွာဟချက် gap ကလည်း သူမနဲ့ခင်ဗျားတို့လို လားလားမျှမဆိုင်တော့တဲ့ အနေအထားတစ်ခုသဖွယ် ရောက်ရှိလာခဲ့ကြပါတယ်။ xD: မြင်သာအောင်ပြောရရင် ကနေ့ခေတ် 963 မှာ road car တစ်စီးဖြစ်တဲ့ 911 ထက် F1 က DNA များစွားပါဝင်နေတာကို ဆိုလိုချင်တာပါ။
ဒါ့ကြောင့်မို့လို့ ကနေ့ခေတ်မှာ Le Mans ပြိုင်ကားတစ်စီး public roads တွေမှာ မောင်းနိုင်တယ်ဟေ့ဆိုတာနဲ့ အဲ့ဒီကားဟာ အချာပင်မဟုတ်ဘူးဆိုတာနဲ့ ဘယ်လောက်ထိ special ဖြစ်သလဲဆိုတာ စာဖတ်သူကောင်းကောင်းကြီး နားလည်လိမ့်မယ်လို့ ယူဆပါတယ်။
ဆက်ရရင် အောက်ကပုံထဲမှာ မြင်တွေ့နေရတဲ့ Porsche 963 RSP ဆိုတဲ့ကောင်က 963 Le Mans ပြိုင်ကားကို road-legal တစ်စီးဖြစ်အောင် ပြန်လည် modified လုပ်ထားခဲ့တဲ့ ကားတစ်စီးပါ။ တစ်နည်းအားဖြင့် ပြင်သစ်နံပါတ်ပြားနဲ့ Le Mans မြို့က လမ်းမတွေထက် မောင်းနိုင်မယ့် တကယ့်ပြိုင်ကားစစ်စစ်တစ်စီးဆိုလည်း မမှားပါဘူး။ သို့ပေတည်း . . . Top Gear မှာ ရေးထားသလိုပဲ road car တစ်စီးဆိုသည့်တိုင် ဒီကားကိုမောင်းနှင်ဖို့ full factory race team တစ်ခုနဲ့ နယ်ခံအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေရှိမှတော့ ရမယ်ပေါ့လေ။ :3
ကားအကြောင်း မပြောခင် "RSP" က ဘာကိုဆိုလိုသလဲဆိုတာ ရှေးဦးစွာပြောပါ့မယ်? တကယ်တော့ ဒီကားဟာ တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းနှင့်၊ ပိုင်ဆိုင်သူ တစ်ဦးတစ်ယောက်တည်းသာရှိမယ့် one-of-a-kind ပရောဂျက်တစ်ခုပဲ ဖြစ်တယ်ဗျ။ စာဖတ်သူတို့ "Team Penske" ဆိုတဲ့ နာမည်ကြီး professional auto racing အော်ဂနိုက်ဇေးရှင်းကို သိမယ်ထင်ပါတယ်။ IndyCar မှာ Championship (၁၉) ခုနဲ့ NASCAR, IMSA နှင့် WEC တို့မှာပါ အောင်မြင်မှုများစွာ ရရှိထားတဲ့ အော်ဂနိုက်ဇေးရှင်းတစ်ခုဆိုလည်း မမှားဘူးပေါ့။ အဓိက ပြောချင်တာက အခုမှလာပါတယ်။ "Team Penske" ကို နောက်ကွယ်မှာကြိုးကိုင်တဲ့သူက Roger Searle Penske_ရော်ဂျာစီရယ်လ်ပန်းစကီး ဆိုသူပါ။ ဒီလိုနဲ့ပဲ Porsche အနေနဲ့ Penske_ပန်းစကီး ကို အထူးလက်ဆောင်တစ်ခု ပေးချင်ရာကနေ road-legal 963 ကားတစ်စီးဖန်တီးရင်း 963 RSP အသက်ဝင်လာခဲ့ပါတယ်။
တကယ်တော့ Porsche အနေနဲ့ 963 Le Mans ကားကိုယူပြီး road car တစ်စီးအဖြစ် ပြန် modify လုပ်ခဲ့တာ မဟုတ်ဘဲ ကားအသစ်တစ်စီးလုံးကို ပြန်လည်တည်ဆောက်ခဲ့တာပဲ ဖြစ်တယ်ဗျ။ Porsche အခေါ် Martini Silver (သို့) ငွေအရောင်ကလည်း Rossi_ရော်စီ ကိုယ်တိုင် Weissach ကနေ Paris အထိ ကီလိုမီတာ ခြောက်ရာကျော်မောင်နှင်ခဲ့တဲ့ 917 road car က အရောင်နဲ့ တစ်ထေရာတည်းပါပဲ။ Fun fact: 963 Le Mans ကားအားလုံးမှာ vinyl wraps တွေကိုသာ သုံးပြီး 963 RSP ဟာ Martini Silver ကာလာကို ပထမဦးဆုံး painted လုပ်ထားတဲ့ 963 မော်ဒယ်တစ်စီးပဲ ဖြစ်ပါတယ်။
963 Le Mans Hypercar တစ်စီးကို street-legal ကားတစ်စီး ဖြစ်စေဖို့အရေး fender vents အကြီးကြီးတွေနေရာမှာ solid panels တွေနဲ့ အစားထိုး၊ နံပါတ်ပြား holders တွေထည့်၊ Le Mans ပြိုင်ကားရဲ့ အတော်လေး sharp ဖြစ်တဲ့ အနားဖက်တွေကို ပိုချောမွေ့ပြီး softened ဖြစ်အောင်လုပ်၊ wheel arches တွေနဲ့ rear wing ကိုပါ အကုန် reworked ပြန်ကိုင်ကာ 963 RSP ကို ဖန်တီးခဲ့ပါတယ်။ 'ဆင်ပိန်တော့ ကျွဲလောက်' ဆိုသည့်အတိုင်း ဘယ်လောက်ပဲ exterior changes တွေလုပ်ပါစေ air intakes အကျယ်ကြီးတွေ၊ လျှပ်တပြက်ကြည့်လိုက်ရင်ပဲ လွယ်နှင့်တကူမြင်နေရတဲ့ suspensions တွေနဲ့ fighter jet တစ်စီးသမျှ ကြီးမားနေတဲ့ rear wing တွေက Bugatti Chiron နဲ့ ဘေးချင်းကပ်ရပ်ထားရင် Chiron ကို family car တစ်စီးအလားလို့တောင် ထင်မှတ်သွားစေနိုင်တဲ့ အထိပါပဲ။
963 RSP ရဲ့ powertrain က IMSA နဲ့ WEC မှာဝင်ပြိုင်ကြတဲ့ LMDh ကားတွေရဲ့ hybrid system နဲ့ပဲ လာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီကားမှာသုံးပေးထားတာဟာ 918 Spyder ရဲ့ 4.6L twin-turbo V8 အင်ဂျင်ဖြစ်ပြီး 800V electric system နဲ့ acceleration ပိုင်းမှာ အထောက်အကူပြုမယ့် 1.35 kWh ဘက်ထရီရဲ့ကျေးဇူးကြောင့် Total Output 671 hp ထွက်မှာပဲ ဖြစ်တယ်ဗျ။ Race car စစ်စစ်တစ်စီးဖြစ်တာကြောင့် ဒီကားကိုမောင်းနှင်ဖို့ race fuel လောင်စာလိုအပ်မယ်လို့ ထင်ခဲ့ပေမယ့် သာမန်လောင်စာ pump gas နဲ့တင် လည်ပတ်နိုင်ပြီး hybrid torque ကိုလည်း ပို smooth ဖြစ်ဖြစ်ထုတ်လွှတ်ပေးမယ်ဆိုတာကတော့ အတော်လေး impressive ဖြစ်စရာပဲ။ ဒါ့အပြင် full speed မှာလည်း Le Mans race car တစ်စီးရဲ့ ဟိန်းသံတစ်ခုကို အပြည့်အဝခံစားရအုံးမယ်ဆိုတော့ . . . အူး လာ လားးး။
အဆုံးသတ်ရရင် 963 RSP ဟာ Rossi_ရော်စီ ရဲ့ 917 road car ကို 1975 ခုနှစ်မှာ debut လုပ်ခဲ့တဲ့ နှစ် (၅၀) ပြည့် အထိမ်းအမှတ်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီကားကို Stuttgart မှာရှိတဲ့ Porsche Museum ကို ပြန်မပို့ခင် Le Mans ပြိုင်ပွဲ ကျင်းပပြုလုပ်မယ့်နေရာမှာ ပြသထားမယ်လို့သိရပါတယ်။ ဒါ့ကြောင့် စာဖတ်သူက 963 RSP ကို အပြင်မှာမြင်ဖူးချင်တယ်ဆိုရင် အခုလာမယ့် ဇွန်လ (၁၄ - ၁၅) အတွင်း ပြင်သင်နိုင်ငံ Le Mans မြို့မှာရှိတဲ့ Circuit de la Sarthe မှာ သွားကြည့်ပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဇူလိုင်လကျမှပဲ Goodwood Festival of Speed မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 963 RSP အပါအဝင် Count Rossi ရဲ့ 917 road car ကိုပါ မြင်တွေ့နိုင်ပါလိမ့်မယ်။

image