1 w - Translate

ခန္တီးမှာ ချင်းတွင်းမြစ်ရေတိုးနေ

(မိုး/ဇလ) ဇွန် ၂ဝ
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာရှိတဲ့ ခန္တီးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိဖို့ ၁၂ ပေသာ လိုတော့တယ်လို့ မြို့ခံတွေကပြောပါတယ်။“ခန္တီးမှာ ချင်းတွင်းမြစ်ရေဟာ တစ်ညလုံးမှာ ၅ ပေကျော် ထပ်တိုးလာပါတယ်။ စိုးရိမ်ရေမှတ်အောက် ၁၂ ပေကျော်လောက်ကို ရောက်လာပါတယ်။ မြစ်အောက်ပိုင်းဒေသတွေလည်း မြစ်ရေတိုးနေပြီဖြစ်ပါတယ်။ ဆက်တိုးပါဦးမယ်” လို့ မြို့ခံကိုအုံးလွင်ကပြောပါတယ်။မြစ်ရေဆက်တိုက်တိုးလာပါက ၂ အတွင်း စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာနိုင်တာကြောင့် အနိမ့်ပိုင်းဒေသတွေမှာနေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း မြို့ခံတွေကပြောဆိုထားပါတယ်။

imageimage