Confidence Level ဆိုတာ
ချန်ပီယံဖြစ်သွားရင် စိတ်ဓာတ်က ပြောင်းသွားတယ်။ Confident ရှိလာတယ်။ ခေါင်းဖြူကြီး Charles Oliveira က အမေရိကန် လင်းသိုက်ညွန့် Michael Chandler ကိုနိုင်ပြီး လိုက်ဝိတ်ချန်ပီယံဖြစ်လာပေမယ့် ဒီလောက်မဟုတ်သေးပါဘူး။
ဒါပေမယ့် Dustin Poirier နဲ့ Justin Gaethje တို့ကို နိုင်တဲ့ပွဲမှာ Charles Oliveira ရဲ့ စွမ်းဆောင်ရည်က Next Level ဖြစ်နေပြီ။ တရားဝင်မဟုတ်ပေမယ့် Charles Oliveira က လိုက်ဝိတ်ချန်ပီယံပါပဲ။
အဲဒီအချိန်မှာ Islam Makhachev က ထိပ်တန်းဖိုက်တာကို မနိုင်ဖူးပါဘူး။ သူအမြင့်ဆုံးနိုင်ဖူးတာက King Green ပါ။ Charles Oliveira နဲ့ Islam Makhachev တို့က လစ်လပ်လိုက်ဝိတ်ချန်ပီယံလုကြတယ်။ Islam Makhachev က ပတ်လည်စီးထိုးပြီး လိုက်ဝိတ်ချန်ပီယံဖြစ်လာတယ်။
Islam Makhachev က လိုက်ဝိတ်ချန်ပီယံဖြစ်ပြီး Confidence Level တက်လာပြန်တယ်။ ချန်ပီယံကာကွယ်ပွဲတွေမှာ ဘယ်လိုလုပ်ပြသလဲ အားလုံးအသိပဲ။ ကစားသမားက Confidence Level တက်လာရင် ကြောက်ဖို့ကောင်းတယ်။
ကြားဖူးတာကို ဖောက်သည်ချရရင် မီးနေသည်တောင် Confidence Level တက်လာရင် ကင်မရွန်းဗလကြီး Francis Ngannou ကို လွင့်အောင်ထိုးနိုင်တယ်တဲ့။ ဆရာလေး Ilia Topuria က Alexander Volkanovski နဲ့ Max Holloway တို့ကို ဆက်တိုက်အလဲထိုးပြီး ယုံကြည်မှုတက်နေတာပါ။ လုပ်တိုင်းဖြစ်နေတာကိုး။ ဖဲ (၂) ချပ်တည်းကိုင်ထားပြီး (၂၁) ပေါက်ကျနေသလိုမျိုး။ ခေါင်းဖြူကြီး Charles Oliveira က ဒါကို မခံချင်ဖြစ်နေတယ်။ မလောက်လေး မလောက်စားကောင်က ငါ့ကို မလေးမစားလာပြောတယ်လို့ ခံစားနေရတယ်။ ပွဲကြမ်းဖြစ်လိမ့်မယ်။ ပွဲချိန်ပြည့်ထိုးရမှာ မဟုတ်ဘူး။
