1 ပတ် - ဘာသာပြန်ပါ။

နုနုရည်အင်းဝ
"ပြုံး၍လည်းကန်တော့ခံတော်မူပါ။
ရယ်၍လည်းကန်တော့ခံတော်မူပါ။"
မြန်မာ့ရိုးရာပွဲတော်တွေထဲက အစည်းကားဆုံး
ပွဲတော်တစ်ခု ဖြစ်တဲ့တောင်ပြုန်းပွဲတော်ကြီးကို အခြေခံဇာတ်အိမ်တည်ထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။
တောင်ပြုန်းဆိုတာ မိရိုးဖလာ ကိုးကွယ်ယုံကြည်သူတွေအတွက် နှစ်စဥ်နှစ်တိုင်း ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ကို နှစ်စဥ်မပျက် ပူဇော်ပသကြပြီး အဓိဌာန်ဝင်ကြ၊ ဆုတောင်းရင်ဖွင့်ကြတဲ့ နေရာတစ်ခုဆိုလည်း မှန်ပေသည်။တောင်ပြုန်းပွဲလို့ပြောလိုက်တာနဲ့ နတ်ကတော် (ကနားစီး မိန်းမလျာ)တွေ ကိုတန်း မြင်မိကြပါလိမ့်မယ်။
📖 ဒီစာအုပ်​လေးမှာတော့
​ဘဝပေးကံကြမ္မာကြောင့် မိန်းမလျာဘဝရောက်ပြီး နတ်ကတော်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒေစီဂျိန်း (ဦးဘစီ) ရဲ့ ဘဝအကြောင်းကို သေချာရေးပြထားပြီး သူချစ်ရတဲ့ချစ်သူ(ယောင်္ကျား)မင်းမင်းတို့ အကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ဒေစီဂျိန်းဟာ မင်းမင်းကို မြင်ကတည်းက သံယောဇဥ်ရှိ ချစ်ခင်ကြင်နာခဲ့ပြီး မင်းမင်း အသက်၁၆နှစ်လောက်တည်းက မင်းမင်း အမေဆီကနေ ငွေ၅၀၀ပေးပြီး အပိုင်သိမ်းလာခဲ့တယ်။
မိန်းမလျာတို့ရဲ့ သဘာဝအရ ကိုယ်ကချစ်ရပြီဆိုကတည်းက အရာရာမှာ ပုံအောပြီး မီးကုန်ယမ်းကုန်အမ်းပြီး မင်းမင်းကို ချစ်ရှာတာပေါ့။အများအမြင်မှာ မင်းမင်းဟာ ဒေစီဂျိန်းရဲ့ ယောင်္ကျားပဲ။ ဒါပေမယ့် မင်းမင်းဘက်က ဦးလေးတစ်ယောက်လို အစ်ကိုကြီးတစ်ယောက်လိုမျိုးသဘောထားခဲ့တယ်။
မင်းမင်းလည်း ၂၀ ကျော်လည်းဖြစ်ရော ပန်းညိုဆိုတဲ့ ကောင်မလေးကို မင်းမင်းချစ်မိသွားခဲ့လေရာ.....
သူတို့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာတွေဖြစ်လာမလဲ....???
တောင်ပြုန်းပွဲတော်ကိုအကြောင်းပြုလို့ ပွဲတော်ရက်အတွင်းမှာ စီးပွားရှာကြရတဲ့ ဘဝတွေ၊ နတ်ကတော်တွေရဲ့ ကြော်စားလှော်စား(နတ်မေး) ပုံတွေကို ထိမိတဲ့ရေးသားချက်တွေနဲ့ စုံလင်အောင်ရေးဖွဲ့ထားပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုပါ စိတ်ဝင်စားဖွယ် ဖတ်ရှုရမယ့် ဝတ္ထုကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
🔴ဘာကြောင့်ဖတ်ကြည့်သင့်လဲ
ဒီစာအုပ်ဟာ 2007ခုနှစ် အာရှစာပေ(The Man Asian Literary Prize)(five shortlisted)ဆုကို ရရှိထားပြီး 2008ခုနှစ်မှာ "Smile As They Bow" အမည်နဲ့ U.Sမှာ အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်ဝေထားပြီးဖြစ်ပါတယ်။
လန်ဒန်တက္ကသိုလ်မှာလည်း 2014ခုနှစ်က စလို့ သင်ရိုးညွှန်းတမ်းအဖြစ် နဲ့ သင်ကြားလျက်ရှိပါတယ်။
မေဇွန်ကိုယ်တိုင်က နတ်ကိုးကွယ်ယုံကြည်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ဒီစာအုပ်ထဲမှာ ပထမနေ့ ကန်တော့ခံတဲ့နေ့ (ဝါခေါင်လဆန်း ၈ရက်) ကနေ ရွှေဘုံဆင်းတဲ့နေ့(ဝါခေါင်လပြည့်ကျော် ၁ရက်နေ့)အထိကို အသေချာ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။