အညာကျေးလက်တောရွာများမှ
မန္တလေး ရွှေမြို့တော်ကြီးဆီသို့ အခြေချ လာရောက် လုပ်ကိုင် စားသောက် ကြခြင်း ဓလေ့မှာ ၁၉၂ဝ ကျော်ဝန်းကျင်တွင် အတော်လေး တွင်ကျယ်လာ၏။ ကနဦးအစ လာရောက်ကြစဉ် ကတော့ မန္တလေး ၆-လ၊ ရွာ ၆-လ ပုံစံ ဖြစ်၏။ မန္တလေးမှာ ၆-လ လာရောက် နေထိုင်ပြီး ခေါင်းရွက်ဗျက်ထိုး စျေးရောင်းချခြင်း၊ လက်သမား လက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း၊ ပန်း ၁ဝ မျိုး အလုပ်ဌာနများတွင် နေ့စား ဝင်ရောက် လုပ်ကိုင်ကြခြင်းများဖြင့် ငွေကြေး စုဆောင်းကာ ကိုယ်ရပ်ဌာနီသို့ ၆-လ ပြန်လည် နေထိုင်ကြပြီး ''မြောက်သူ'' ဟုခေါ်သော သူရင်းငှား၊ ကိုင်းစိုက်၊ ခြံစိုက်အလုပ်များ လုပ်ကိုင်ကြခြင်း ဖြစ်သည်။ နောက်...မန္တလေးမှာ အခြေကျ သွားတော့ ရွာသို့ တပေါင်း၊ တန်ခူး အလှူအတန်းရာသီမှပဲ ပြန်ဖြစ်ကြ၏။
သည်တုန်းက..မုံရွာ ဒိစတြိတ်၊ ဘုတလင်မြို့နယ်၏ အရှေ့ဖျား ဝေသီခေါင်သော အရပ်ဒေသမှ ငယ်ရွယ်သော ဇနီးမောင်နှံ သည် မန္တလေးသို့ ခေါင်းရွက်ဗျက်ထိုး လုပ်ကိုင် စားသောက်ရန် ရောက်ရှိလာကြသည်။ ၁၉၂၀….
ဤသို့ဖြင့် ...
ကျွန်တော်သည် ထိုဇာတ်ဝင်ခန်းကို ပြန်လည် စဉ်းစားမိလေတိုင်း တနုံ့နုံ့ခံစားနေရသည်။ ရှေ့ဆက်ရမည့် ဇာတ်ဝင်ခန်း များအတွက် လက်တွန့် နှုတ်ဆွံ့နေသည်ချည်း ဖြစ်သည်။ ငယ်ဘဝကို ပြန်လှန် စဉ်းစားမိလေတော့ စျေးချိုတော် အနောက်ဘက်၊ အိမ်တော်ရာဘုရားတောင်ဘက် ဒေါင်းရိုးရပ်ထဲက ပုံရိပ်တွေ တဖျပ်ဖျပ်မြင်လာ၏။
ဆူးငှက် - သူတို့အိမ်(၁) မှ
---------------------------------------------------------------
- ၁၉၆၀ခုနှစ် ဝန်းကျင်မှ ၂၀၂၀ခုနှစ်ဝန်းကျင်အထိ မန္တလေးနောက်ခံများနှင့် အညတရလူတဦး၏ ဘဝပုံရိပ်၊
- ဒီပုံရိပ်တွေကို ဆူးငှက်(စာရေးဆရာ)F.B Accound နဲ့ ဆူးငှက် (SueHnget) Page လူမှုကွန်ရက် စာမျက်နှာ တွေမှာ၂၀၂၂ခုနှစ် သြဂုတ်လ ၁၉ရက်နေ့က “သူတို့အိမ်”အမည်ဖြင့် စတင်ပြီးရေးသားခဲ့တာ ၂၀၂၄ခုနှစ် မေလ ၂၀ရက်နေ့အထိ အပိုင်းပေါင်း ၃၇၂ပိုင်းမှာ လက်စသတ်ခဲ့ပါတယ်။
- ဒီ ၃၇၂ပိုင်းအနက် အပိုင်း(၁)မှ အပိုင်း(၅၈) အထိကို (ဆူးငှက် “သူတို့အိမ် - ၁” ) အမည်နဲ့ လူထုကြီးပွား စာအုပ်တိုက်က စာအုပ်အဖြစ် စတင် ထုတ်ဝေလိုက်ပါပြီ။
• • •
❝ ဆူးငှက် - သူတို့အိမ် ❞
