❝ ဂျာနယ်ကျော်မမလေး ❞ ၏
ဆောင်းပါးများထဲမှ
• ဘဝရုပ်ပုံလွှာ တစ်စိတ်တစ်ပိုင်း
• နီးဝေးနိမ့်မြင့်ပုံရိပ်များ
• ဂျာနယ်ကျော်မမလေးသည်
“သူလိုလူ”ရေးပြီးနောက် မိမိ၏
ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားလိုပုံရပါသည်။
“ငယ်ငယ်ရွယ်ရွယ်”အမည်နှင့်ပင်
ကြော်ငြာခဲ့ဖူးပါသည်။ သို့ရာတွင်
လုံးချင်းစာအုပ်အဖြစ်
ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း မရှိပါ။
• သို့ရာတွင် မိမိဘဝနှင့် စပ်၍လည်းကောင်း၊
မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ
အပေါင်းအသင်းတို့နှင့် ပတ်သက်၍
လည်းကောင်း၊ မျက်မြင်ကြုံတွေ့
ခံစားရချက်များ နှင့် ဆက်နွှယ်၍လည်းကောင်း အတ္ထုပ္ပတ္တိဆန်ဆန် ရေးသားခဲ့သည့် ဝတ္ထု၊
ဆောင်းပါး၊ ရသဟန် ဝတ္ထုဆောင်းပါး
အချို့ကို ကြိုးကြားရေးဖွဲ့ခဲ့ကြောင်း
တွေ့ရှိရပါသည်။
• ထိုစာများကို စုစည်းလိုက်သောအခါ
ဂျာနယ်ကျော်မမလေး၏ ဘဝကို
အပြည့်အစုံ မဟုတ်သည့်တိုင်
တစ်စိတ်တစ်ပိုင်း ထုဆစ်ထားသည့်
ရုပ်ပုံလွှာအဖြစ် ပေါ်ထွက်လာ ပါသည်။
ဂျာနယ်ကျော်မမလေး၏ ဖြတ်သန်းမှု
ဘဝကားချပ် နီးဝေး နိမ့်မြင့်
ပုံရိပ်များ ပင် ဖြစ်ပါသည်။
• ဤသို့ဖြင့် ဤစာအုပ်ကို
“ ဂျာနယ်ကျော်မမလေး၏ ဘဝပုံရိပ်များ “ဟု
အမည်ပေးခဲ့ ခြင်း ဖြစ်ပါသည် ။
- ရာပြည့်စာအုပ်တိုက်၏မှတ်ချက် -
• • •
▪️ဂျာနယ်ကျော်မမလေး၏
▪️ဘဝပုံရိပ်များ
