❛ ကြွေသောရွက်ဝါ ပြန်မဆက်၊
လှသော အိပ်မက် ပြန်မမက်တဲ့ ❜
ငါ နားလည်တယ်။
နင့်ကို ငါကြိုးစားဖြတ်ရ မှာပေါ့။
သံမဏိဆိုတာ မီးနဲ့တိုက်မှ အရည်ပျော်တာ။
စိန်ကို စိန်ချင်းဖြတ်မှ၊
သံကို သံချင်းဖြတ်မှ၊
နှလုံးသားကို နှလုံးသားချင်းဖြတ်မှပြတ်တာ။
ငါ ဖြတ်ပါ့မယ်။ ငါ့နှလုံးသား
အကြေအမွခံပြီး ငါဖြတ်ပါ့မယ် ။
• • •
အစဥ်လာကြီးမားတဲ့ မင်းနှစ်ပါး
တောင်ပြုံးပွဲတော်ရဲ့ရိုးရာ အစဥ်အလာ ၊
ယဥ်ကျေးမှုတွေ နောက်ခံထားပြီး
နတ်ကတော် မိန်းမလျာတွေရဲ့ ဘဝတွေ
ဓလေ့စရိုက်တွေနဲ့ ချစ်ခြင်းတရားတွေ
အကြောင်းရေးဖွဲ့ထားတဲ့
ဆရာမ နုနုရည်အင်းဝရဲ့
စာအုပ်ကောင်းတစ်အုပ် ။
▫️စာညွှန်း - စာအုပ်ရောင်းမယ် / မှ
_ _ _ _ _ _ _ _ _
❛ ပြုံး၍လည်းကန်တော့ခံတော်မူပါ
ရယ်၍လည်းကန်တော့ခံတော်မူပါ ❜
