❝ သံသရာကို လက်ခံသူများ အတွက်
အကောင်းဆုံး ဝတ္ထုရှည်ကြီး တစ်ပုဒ် ❞
• နွမ်းလျသေရှင် •
မွေးအိုနာသေ ဒုက္ခတို့နှင့်ဆင်းရဲ ပင်ပန်း
နွမ်းလျရသော သံသရာစက်တွင်
(တရုတ် တစ်ပြည်လုံးလွတ်မြောက်ခါနီး
မတရား အသတ်ခံခဲ့ရသည်ဟူသောအစွဲကြောင့်
မကျွတ်နိုင်ဘဲ ဖြစ်နေရှာသည့်)
မြေပိုင်ရှင်ကြီး ရှီးမန်နောက်သည်
သူ့ဇာတိ ကောင်းမိတုန်းပေ တိုက်နယ်၊ ရှီးမန်ရွာ၊
ရှီးမန်အိမ်ဝင်းကြီးနှင့် အမျှင်မပြတ် ပတ်သက်
ဆက်နွှယ်လျက် မြည်း၊ နွား၊ ဝက်၊ ခွေး၊ မျောက်
ဟူသော တိရစ္ဆာန် ဘဝ ငါးဆက် ကျင်လည်ပြီးမှ
ထောင်စုနှစ်သစ်တွင် မောင်ခေါင်းကြီး
လန်းထောင် ပြည့်ကလေး အဖြစ်ဖြင့်
လူ့ဘဝကို တစ်ဖန် ပြန်၍ ရရှိလာခဲ့လေသည် . . .
• တော်ကောင်းမင်း - ဘာသာပြန် •
❛ နွမ်းလျသေရှင် ❜
