1 ပတ် - ဘာသာပြန်ပါ။

❝ ဘယ်သူ့မှာမဆို အဝတ်ရေညှစ်ရင်း
ခါးသီးတဲ့ နှစ်တွေအကြောင်းတွေးမိတတ်တဲ့
အမေတယောက်တော့ ရှိမှာပဲ
ဒါပေမယ့် လူတိုင်းမှာ မကြာခင်
မုန်တိုင်းလာလိမ့်မယ်လို့
လာပြောမယ့် မိတ်ဆွေငှက်တွေ ရှိမှာမဟုတ်
တခါတလေလည်း မုန်တိုင်းဟာ
ကတိမတည်ပါဘူး
ညနေအလင်းရဲ့ မရေရာမှုကသာ
ဘယ်တော့မှ မပြောင်းလဲ
အယူဝါဒကြောင့် မဟုတ်ဘဲ
လူတစ်ယောက်ဟာ
ဆံပင်အမြဲဘယ်ခွဲခဲ့တယ်
တချို့အိမ်တွေမှာ ဘဲဥပုံပေါင်နဲ့
ဓာတ်ပုံတွေ အခုထိရှိနေသေးတယ်
ရယ်စရာပါပဲ
ငါတို့ လူငယ်ဘဝတစ်ခုလုံး
အချစ်နဲ့ပတ်သက်ပြီး
ဘဲဥ အစရှာမရ ဖြစ်ခဲ့တာ
အဲဒီတုန်းက ဘယ်သူမှအိမ်ကိုစွန့်ပြီး
ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့
မစဉ်းစားကြဘူး
ငါတို့လည်း ဘယ်ရောက်ရောက်
ဇာတိမြေရဲ့ မြေသင်းနံ့ကို ဂုဏ်ဖော်နေမိရဲ့
အမေတွေကတော့ မုန်တိုင်းကြီးထဲ
သူတို့ လှန်းခဲ့တဲ့ အဝတ်တွေကို
ထွက်ရုတ်ဦးမှာပဲ
ကြည်နူးမယ်ဆိုလည်း ကြည်နူးစရာပေါ့
ဒီလို ဗရုတ်ဗရက်ကာလထဲ
ငါတို့ အသက်ဆက်ရှင်နေတာ
ငါတို့စိတ်ရဲ့ ဓာတ်ကြိုးတွေပေါ်မှာ
မိတ်ဆွေငှက်တွေလည်း အိပ်ငိုက်နေပြီ
ဘဝရဲ့အလယ်ကိုရောက်တိုင်း
မြှားဟာ အစကိုပဲ ပြန်ပြန်ညွှန်ပြနေရဲ့
သင်လည်း မာရီဘီစကစ်ကို
ကော်ဖီထဲစိမ်ပြီး ပျော့ဖက်သွားစေတဲ့
သာမန် ကလေးတယောက်ဖြစ်ခဲ့ဖူးမှာပေါ့
•အောင်ခင်မြင့်
•ဇာတိမြေအတွက်ဆွန်းနက်

image