10 ပတ် - ဘာသာပြန်ပါ။

ပိုက်ဆံချမ်းသာရုံနဲ့၊ ရာထူးအာဏာရှိရုံနဲ့
ကျော်ကြားရုံနဲ့ ကိုယ့်ကိုယ် ချစ်တဲ့သူ
ခင်တဲ့လူတွေ များနေရုံနဲ့လည်း
စိတ်ချမ်းသာမယ် မထင်နဲ့ ....
မရသေးဘူးနော်။
ကိုယ့်ရင်ထဲမှာ မြင့်မြတ်တဲ့စိတ်ထား၊
မြင့်မြတ်တဲ့အသိဥာဏ် ရင့်ကျက်တဲ့စိတ်ထား၊
ရင့်ကျက်တဲ့အသိဥာဏ် ရှိဖို့လိုသေးတယ်။
စိတ်ချမ်းသာမှု အစစ်ကို အပြင်ကနေ မရနိုင်ဘူး။
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ရှိနေ ရှိနေ
ရာထူးတွေ ဘယ်လောက်ပဲ ကြီးနေ ကြီးနေ
ကိုယ့်စိတ်ထဲမှာ မြင့်မြတ်မှုဆိုတဲ့ သဘာဝ
ပျောက်သွားပြီဆိုရင် အဲဒီလူဟာ ဘယ်တော့မှ
တကယ် ပျော်နိုင်တဲ့သူ မဖြစ်နိုင်တော့ဘူး။
မြင့်မြတ်မှု ပျောက်ဆုံးသွားလို့ရှိရင်
တကယ် မပျော်နိုင်တော့ပါဘူး။
သီလမရှိတဲ့သူ၊ အကျင့်စာရိတ္တပျက်တဲ့သူ
ဆိုရင်လည်းပဲ ကိုယ့်ကိုကိုယ် ငါဟာ
လူကောင်း သူကောင်းတစ်ယောက် မဟုတ်ဘူးလို့
သူ့ဟာသူတော့ သိနေတယ်။
အဲ့သလို သိနေတဲ့ အတွက်ကြောင့်ပဲ
သူ့မှာ တကယ်တမ်း စိတ်အေးပြီး မပျော်နိုင်ဘူး။
ခဏ သူ့လောဘ အလိုဆန္ဒပြည့်လို့ အရူးအမူး
ပျော်လိုက်ရတာမျိုးတော့ ရှိချင်ရှိမယ်။
ဒါပေမယ့် သူ့ဟာသူ တစ်ယောက်တည်း
နေရတဲ့အချိန်မှာ ပျော်တယ်ဆိုတာ မရှိတော့ဘူး။
ဒါကြောင့် သူတို့ဟာ အရူးအမူးပျော်ဖို့
သိပ်ကြိုးစားတယ်။
ငြိမ်သက်မှု အေးချမ်းမှုကို မလိုချင်သေးဘူးဆိုရင်
"ကိုယ့်အကျိုးစီးပွား" ကို
ကိုယ်တကယ် မသိသေးဘူးလို့ ပြောနိုင်တယ်နော်။
အပျော်ဆုံးလူသား ဆိုတာ
ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထား၊
အမြင့်မြတ်ဆုံးစိတ်ထား၊
ကိုယ့်ရဲ့အကောင်းဆုံးအသိဥာဏ်
အမြင့်မြတ်ဆုံးအသိဥာဏ်ကို
ဖြစ်ပေါ်လာအောင် ဖော်နိုင်တဲ့သူ၊
ကြိုးစားနိုင်တဲ့လူမှသာ အပျော်ဆုံးလူဖြစ်တယ်။
စိတ်ထားမြင့်မြတ်လာရင် စိတ်ချမ်းသာလာမယ်။
စိတ်ရဲ့မြင့်မြတ်မှုနဲ့ ...
စိတ်ချမ်းသာမှုနဲ့လည်း တွဲနေပါတယ်။
စည်းစိမ်းဥစ္စာ၊ ရာထူး၊ အာဏာတွေ ရနေလို့
အပျော်အပါးတွေကို ခံစားနေလို့ ပျော်နေတာနဲ့
ကိုယ့်ရင်ထဲက မြင့်မြတ်မှုကို
ကိုယ်ပြန်ခံစားပြီး စိတ်ချမ်းသာနေတာနဲ့
နှိုင်းလို့ မရလောက်အောင် ကွာခြားပါတယ်။
#ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

image