10 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ​ဗန်ကောက်တွင် ဇူလိုင် ၁ ရက်မှ စတင်ကာ တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ရရှိမည်
ထိုင်းနိုင်ငံဗန်ကောက်တွင်ဇူလိုင် ၁ ရက်မှစတင်ကာ တစ်ရက်လုပ်အားခအနည်းဆုံး ဘတ် ၄၀၀ရရှိမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဗန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမား အားလုံးကို ဇူလိုင် ၁ ရက်မှ စတင်ကာ တစ်ရက် အခြေခံ လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်သတ်မှတ်ပေးရန် ထိုင်း အစိုးရ အဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဗန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်သာရရှိနေခြင်းမှလက်ရှိတွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့ တိုးလာမည်ဖြစ်ရာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် မူလလုပ်အားခထက် တစ်ရက် ၂၈ ဘတ်ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။
ယခုတစ်နေ့အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်မှုကို နိုင်ငံတစ်ဝန်းရှိခရီးသွားလုပ်ငန်းများဖြစ်သော ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း သက်ရောက်သွားမည်ဖြစ်ပြီး အထူးသဖြင့် ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ်များနှင့် အခန်းပေါင်း ၅၀ ကျော်သော ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့တိုးမြှင့်မှုသက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးအသွားအလာများသောခရိုင်များဖြစ်သည့် ဖူးခက်၊ ချာချင်စောင်၊ ချွန်ဘူရီ၊ ရယွန်နှင့် စူရတ်ဌာနီခရိုင်ရှိ ကော့စမွေဒေသများတွင် ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ စတင်ကာ အနည်းဆုံးတစ်နေ့ လုပ်အားခကို ဘတ် ၄၀၀သို့ တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - Thainews

image