10 ပတ် - ဘာသာပြန်ပါ။

၁၉၇၇ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသ ယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၁၅ ဘီလီယံကျော် ဝေးကွာတဲ့ အထိ ရောက်ရှိနေပါပြီ။ အံ့သြစရာကောင်းတာက ဒီအာကာသယာဉ်မှာ သုံးထားတဲ့ ကွန်ပျူတာမှတ်ဉာဏ်ပမာဏဟာ 69 KB သာ ရှိပြီး အချက်အလက်တွေကို မှတ်တမ်းတင်ဖို့ 8-track တိပ်ခွေစက်ကို သုံးထားသလို၊ သူ့ရဲ့ ဆော့ဖ်ဝဲလ်ကိုလည်း FORTRAN လို့ခေါ်တဲ့ ရှေးခေတ် ကွန်ပျူတာဘာသာစကားနဲ့ ရေးသားထားတာပါ။

ဒီလို ခေတ်နောက်ကျတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားပေမဲ့ Voyager 1 ကို လွန်ခဲ့တဲ့ နှစ် ၅၀ က ရေးဆွဲထားတဲ့ ပုံစံအပြာရောင်စာရွက်တွေကို ကြည့်ပြီး ကမ္ဘာမြေကနေ ထိန်းချုပ်နေရတုန်းပါပဲ။ အမိန့်တစ်ခုကို Voyager 1 ဆီ ပို့လိုက်ရင်တောင် အဲဒီအမိန့်က အာကာ သယာဉ်ဆီ ရောက်ဖို့ နာရီပေါင်း ၂၂ နာရီ ကြာမြင့်ပါတယ်။

ဒီလို အခြေအနေတွေကြားထဲကနေ Voyager 1 ဟာ ဘာကြောင့် အခုထိ လည်ပတ်နိုင်သေးတာလဲဆိုတာ စဉ်းစားစရာပါ။ အဓိကအကြောင်းရင်းတွေကတော့ သူ့မှာပါတဲ့ ကြံ့ခိုင်ပြီး ဓါတ်ရောင်ခြည်ဒဏ်ခံနိုင်တဲ့ အစိတ်အပိုင်းတွေ၊ ရှုပ်ထွေးမှုမရှိဘဲ ယုံကြည်စိတ်ချရတဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတွေကြောင့်ပါ။

တစ်ခုခု မှားယွင်းသွားရင်တောင် အလုပ်လုပ်နိုင်ဖို့ အရန်စနစ်တွေလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် ဒီအာကာသယာဉ်ကို တည်ဆောက်ခဲ့တဲ့ ၁၉၇၇ ခုနှစ်က အင်ဂျင်နီယာတွေရဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်းနဲ့ သေချာတဲ့ အစီအမံတွေကြောင့်လည်း နှစ်ပေါင်းများစွာကြာတဲ့အထိ ပြဿနာမရှိဘဲ လည်ပတ်နိုင်တာ ဖြစ်ပါတယ်။

Voyager 1 ဟာ လူသားတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းရဲ့ အံ့ဖွယ်အရာတစ်ခုဖြစ်သလို၊ အခုထိ စကြဝဠာရဲ့ နက်နဲမှုတွေကို စူးစမ်းလေ့လာနေဆဲပါ။ သူ့မှာ ကမ္ဘာမြေပေါ်က သက်ရှိတွေနဲ့ ယဉ်ကျေးမှုအကြောင်း မှတ်တမ်းတင်ထားတဲ့ "ရွှေရောင်ဓာတ်ပြား" လည်း ပါသွားပြီး တစ်ချိန်ချိန်မှာ တခြားဂြိုလ်က သတ္တဝါတွေနဲ့ တွေ့ခဲ့ရင် သူတို့အတွက် လက်ဆောင်အဖြစ် ရည်ရွယ်ထားပါတယ်။

လျှပ်စစ်ဓာတ်အားအတွက် ရေဒီယိုသတ္တိကြွ အပူစွမ်း အင် ဂျင်နရေတာကို သုံးနေပေမဲ့ ပါဝါက တဖြည်းဖြည်း လျော့နည်းလာနေတာကြောင့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာ သိပ္ပံဆိုင်ရာ အချက်အလက်တွေ ပို့နိုင်တော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်။

image