လူဆိုး လူမိုက် လူသတ်သမားတွေမှာတောင် အချစ်ရှိကြတာပဲ မေ ၊ အယုတ် အလတ် အမြတ်မရွေး လူတန်းစားမရွေး ချစ်ခွင့်ရှိပါတယ် ။ ချစ်စိတ် ပေါ်ပေါက်လာနိုင်ပါတယ် ချစ်စိတ်ကို ဘာနဲ့မှ ကန့်သတ်ထားလို့ မရပါဘူး ။ အချစ်ဆိုတာ လူ့အခွင့်အရေး တစ်ခုပါ မေ…
တကယ်တော့ အသည်းကွဲတယ်ဆိုတာ ဘာမှမဟုတ်လှပါဘူးကွာ ။ အသည်းကွဲတဲ့ စိတ်ဒဏ်ရာဆိုတာ တချို့ လူတွေကြုံရတဲ့ ဘဝဒဏ်ရာ ဒဏ်ချက်တွေနဲ့စာရင် မပြောပလောက်ပါဘူး ။ ကမ္ဘာအရပ်ရပ်မှာ အခြေအနေအမျိုးမျိုးကြောင့် စစ်ပွဲတွေ ၊ အငတ်ဘေးတွေ ၊ သဘာဝဘေးအန္တရာယ်တွေ ၊ လူသားချင်း စာနာမှု မရှိတာတွေ ၊ လူမှုဘဝ ဒုက္ခအထွေထွေနဲ့ စိတ်ဒဏ်ရာသင့်နေတဲ့ လူတွေ အများကြီးပါ ။ ဒီလိုလူတွေရဲ့ စိတ်ဒဏ်ရာ အနာတရတွေကို စာနာ အသိအမှတ် ပြုသောအားဖြင့် ကိုယ် ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်လို့ အသည်းကွဲရတဲ့ ကိစ္စလောက်ကိုတော့ ပုံကြီးချဲ့ မခံစားသင့်ဘူးလို့ အဖေ ထင်တယ် ။
#အထက်တန်းစားရေ #ပုညခင်
ဘဝပျက်တယ်ဆိုတဲ့အသုံးအနှုန်းကို မသုံးနှုန်းပါနဲ့ ကိုဇင်မိုးသာ ...ကျွန်မဘဝကို ဘယ်သူမှလာဖျက်လို့မရပါဘူး ။
ကျွန်မဘဝက ကျွန်မလက်ထဲမှာပါ ။ ကျွန်မဘဝကို ဖျက်ဆီးနိုင်တာလည်း ကျွန်မပဲ ၊ ဖန်တီးနိုင်တာလည်း ကျွန်မပဲ ၊ ကျွန်မကိုယ်တိုင်ကမှ ကိုယ့်ဘဝကိုယ်မဖျက်ရင်
ဘယ်သူကမှ လာဖျက်လို့မရပါဘူး ။
#အထက်တန်းစားရေ
အထူးသဖြင့် မိန်းခလေးတွေပေါ့ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်ကောင်းလေးပါ ။ ငါ့ဘဝ ဆိုးလိုက်တာဆိုပြီး အတွေးဝင်လာတာနဲ့ ငယ်ငယ်တည်းက လုပ်ငန်းရှင် တစ်
ယောက်ရဲ့ ကိုယ်ကျိုးအတ္တတစ်ခု အတွက်နဲ့ အသက်မပြည့်သေးဘဲ ခန္ဓာကိုယ်ကို ထို၊းကျွေးခံလိုက်ရတဲ့ "ဇာမဏီမေ" ဆိုတဲ့ ကောင်မလေးကို သတိရလိုက်ပါ...။
ဘဝကို ဒူးမထောက်အရှုံ၊းမပေး လောကဓံကိုကြံ့ကြံ့ခိုင် ရင်ဆိုင်အံတုခဲ့တဲ့ ထက်မြက်တဲ့"ဇာမဏီမေ" ။ သူ့လိုမျိုးအသက်မပြည့်သေးဘဲ အဓမ္မအကျ၊င့်ခံရတဲ့ သက်ငယ်မုဒိ၊မ်းအမှုတွေ နေ့စဉ်နဲ့အမျှ များပြားလာတဲ့ပေါ် ဒီနိုင်ငံရဲ့ ဥပဒေအရ ကာကွယ်မပေးနိုင်မှန်း သိတဲ့အခါမှာ ဥပဒေကို ပြောင်းလဲချင်ခဲ့တယ်။
"နိုင်ငံတစ်နိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေတွေက တကယ်ပဲ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်နိုင်ရဲ့လား........."
ဆိုပြီး ရဲရဲဝံ့ဝံ့မေးခွန်းထုတ်ခဲ့တယ် ။ ဘဝမှာ ကိုယ်ယုံကြည်ရာလုပ်ဖို့အတွက် အကြောက်တရား မရှိသောသူတစ်ယောက်အဖြစ် အမြဲရပ်တည်လိုတဲ့ သူမ။ "မင်းဟာ ငါ့လက်ခုပ်ထဲကရေပဲ"ဆိုပြီး သူမ ဘဝကိုထို၊းကျွေးခဲ့တဲ့သူကို အပြင်မှာပြန်တွေ့တဲ့အခါ သူ ဘယ်လိုမျိုး ရင်ဆိုင်တုန့်ပြန်မလဲ။
ပြီးတော့ ဒီဝတ္ထုလေးဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဆိုလည်းမမှားပါဘူး။ ၂၀၀၄ခုနှစ် မြူတွေဆိုင်းနေတဲ့ ဒီဇင်ဘာညတစ်ညမှာ တက်တူးဆရာသားအဖရဲ့ ဆိုင်လေးထဲကို ရောက်လာပြီး ခြေသလုံးမှာ ဇာမဏီငှက်ပုံ တက်တူးထိုးခိုင်းတဲ့ ကောင် မလေးကို စိတ်ဝင်စားခဲ့တဲ့ ဇင်မိုးသာ...
ငယ်ငယ်တည်းက တီဗွီမှာ အစီစဉ်တင်ဆက်သူ ဖြစ်ချင်ခဲ့တဲ့ကောင်လေးတစ်ယောက်။ ဖြစ်ချင်တာကို မရ,ရ
အောင် ကြိုးစားပြီး အရာရာကိုအကောင်းမြင်စိတ်ရှိတဲ့ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ အစီစဉ်
တင်ဆက်သူ ပရဟိတသမားလေးတစ်ယောက်....
ငယ်ငယ်က ဆောင်းတစ်ညမှာ စိတ်ဝင်စားခဲ့ရတဲ့ ကောင်မလေးကို ပြန်ဆုံတွေ့တဲ့အခါ တိတ်တခိုးချစ်ခဲ့ရပြီး
"အချစ်ဆိုတာ သူ ကိုယ့်ကိုပြန်မချစ်လည်း မေတ္တာစေတနာမပျက်ဘဲ သူ့အကျိုးကိုသာ လိုလားတဲ့စိတ်နဲ့ စိတ်ထဲကနေ ဆက်ချစ်နေတာပါပဲ ။ ငါ မေ့အပေါ် စေတနာမပျက် ဆက်ချစ်နေရတုန်းပါပဲ" ဆိုပြီး မေတ္တာစစ် မေတ္တာမှန်နဲ့
မြတ်နိုးခဲ့ရသူ..
နောက်ထပ်တစ်ယောက်ကတော့ လွန်း ကုမ္ပဏီပိုင်ရှင် လွှတ်တော်အမတ် ဦးထိပ်ခေါင်လွန်းရဲ့ သားငယ်။ဖခင်ရဲ့ အရှိန်အဝါအပြင် ထူးချွန်ပြီး အနေတည်တဲ့ ပင်ကိုယ်စ-ရိုက်ကြောင့် အထက်တန်းလွှာ မိန်းခလေးတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့သူ။ဖခင်ကို အမြင်မတူတာရှိရင်သဘောမကျရင် မကျသလို ရဲရဲဝံ့ဝံ့ ထောက်ပြပြောဆိုတတ်တဲ့ လင်းလွန်း.
သူ့တူမလေးတွေကို ရေကူးသင်ပေးတဲ့အပြင် စာပါသင်ပေးတဲ့ ဇာမဏီမေ ဆိုတဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ထက်ထက်မြက်မြက် မိန်းခလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူမရဲ့အတိတ်ကအရိပ်မဲကို လက်ခံပေးနိုင်မလား။ ဇာမဏီမေက ဘယ်လိုရည်ရွယ် ချက်နဲ့ သူတို့ရဲ့ လွန်းမိသားစု အိမ်ကို ရောက်လာတာလဲ... စတဲ့ စိတ်ဝင်စားစရာကောင်းပြီး စာဖတ်သူကို ဆွဲခေါ်သွားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်တဲ့အတွက် ဖတ်ကြည့်ပါလို့ ညွှန်းလိုက်ရပါတယ် ။
#ပုညခင်
#အထက်တန်းစားရေ
