1 ပတ် - ဘာသာပြန်ပါ။

#ခရမ်းသီးထောင်း လေး မစားရတာတောင် တော်တော်ကြာပီ 😋😋

ငရုပ်သီးစိမ်းကိုယ်အစပ်စားနိုင်သလောက် ကြက်သွန်ဖြူငါးမွှာလောက်နဲ့ကြက်သွန်နီ

နှစ်လုံးလောက်ကိုအခွံနွာပြီးရေလေးနည်းနည်းထည့်ပြီးရေခမ်းရင်ခြောက်အောင်လှော်ပေးပါ

မီးကင်လည်းရပါတယ်ရှင်
ခရမ်းသီးအလုံးသေးငါးလုံးလောက်ပြုတ်ပြီးအအေးခံထားပါ

ပြီးရင် လှော်ထားတဲ့ငရုပ်သီးကြက်သွန်တွေရော ထောင်းပါ

ပုဇွန်ခြောက်နဲ့ ငပိစိမ်းစားမီးဖုတ်ထားတာလေးနည်းနည်းထည့်ထောင်းပါ

မထည့်ချင်ရင်ငပိရည်လေးနှစ်ဇွန်းလောက်ထည့်လည်းရပါတယ်

ပြီးရင်ပြုတ်ထားတဲ့ခရမ်းသီးတွေထည့်ထောင်းပြီး အရသာကိုယ့်စိတ်ကြိုက်မြည်းပါ

ကြက်သွန်မြိတ်နံနံပင်လေးပါးပါးလှီးထည့် ပြီးရပါပြီရှင်

ထမင်းနဲ့စားစား ၊ကောက်ညှင်းပေါင်းပူပူလေးနဲ့စားစား စပ်စပ်လေးနဲ့စားကောင်းပါတယ်

image