လုပ်ရတာလွယ်ကူပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ #အာလူးသုပ် ချဥ်စပ်လေး😋😋
🍬သုပ်စားဖြစ်တဲ့နည်းလမ်းလေးမျှဝေလိုက်ပါတယ်ရှင်။
🍬အာလူး အလုံးသေးလေး ၅လုံးကို အခွံခွါပြီး ရေနွေးပွက်၂ဆူထဲ ဆားလေးအနည်းငယ်ထည့်ပြုတ်ထားပြီး အအေးခံထားပါတယ်။
🍬ပြီးရင်တော့ ပဲပင်ပေါက်တစ်ထုပ် ရေနွေးပွက်ပွက်ဆူထဲ ၅မိနစ်လောက်ထည့်စိမ်ပြီး ရေစစ်အအေးခံထားပါတယ်။
🍬ကြက်သွန်နီတစ်လုံး ပါးပါးလေးတွေ လှီးပြီး ရေဆေးထားပါတယ်။
🍬ပဲကြာဇံ တစ်ထုံး ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး ၃မိနစ်လောက်ပြုတ်ပြီး ရေစစ်ထားပါတယ်။
🍬ကြက်သွန်ဖြူဆီချက် ဆနွင်းလေးနဲ့ချက်ထားပြီး ချက်ထားတဲ့ဒယ်အိုးထဲမှာဘဲ အစာပလာ အစုံထည့်သုပ်ပါတယ်။
(အိုးဆေးရသက်သာအောင်လို့ပါ 😄)
🍬ထည့်သုပ်မယ့်ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးရင် ပဲမှုန့် ထမင်းစားဇွန်း ၂ဇွန်း၊ ပုစွန်ခြောက်မှုန့်အနည်းငယ်၊ငံပြာရည်
ထမင်းစားဇွန်း ၂ဇွန်း၊ ငါးအသားမှုန့် လက်ဖက်စားဇွန်း ၂ဇွန်း၊ readymade သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်းခွဲ ထည့်ပြီးသေချာသမအောင် နယ်ပေးလိုက်ပါတယ်။
🍬 ငရုတ်သီးကတော့ အစိမ်း၄တောင့်နဲ့ အကျက်မှုန့်အနည်းငယ်ထည့်သုပ်ပါတယ်။(အစပ်စားနိုင်သလောက်
ထည့်သုပ်စားလို့ရပါတယ်)
🍬အရသာကတော့ ကွက်တိပါဘဲရှင်။✨
🍬အသုပ်လေးနဲ့ထမင်းပူလေးနဲ့ ဆိုတော့ စားလို့ကောင်းလိုက်တာမှ အရမ်းပါဘဲ🤗
