ငါးမြင်း၏ ဝမ်းပျဥ်းသားကို စားခြင်းသည် ငါးကြီးဆီစားသကဲ့သို့ အကျိုးအာနိသင်ရှိသည်ဟု သိရပါသည်။။
🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟
မြန်မာ့တိုင်းရင်းငါးမျိုးဖြစ်သော ငါးမြင်း(Silonia silondia)သည် အာဆီယံနိုင်ငံများတွင် အာဟာရတန်ဖိုးအမြင့်ဆုံးငါးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူကြိုက်အများဆုံးငါးဖြစ်ပါသည်။ ငါးမြင်းသည်အသားစားငါးဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့တွင် နေထိုင်ကြပါသည်။ မျိုးရင်း(Family-schilbeidae)၏ မျိုးစဥ်(Order-siluriformes)တွင် မျိုးစိတ်(Species) ၃၄ မျိုးရှိပါသည်။ မြန်မာ့ရေပြင်တွင် မျိုးစိတ်(၉)မျိုးသာ တွေ့ရှိရပါသည်။ ယင်းတို့ အနက်မှ မြန်မာနိုင်ငံတွင် လူသိများသော ငါးမြင်းအမည်နှင့်ဆက်စပ်နေသော ငါးမျိုးစိတ်(၄)မျိုး ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းတို့မှာ ငါးမြင်းယင်း(Silonia silondia)၊ ငါးမြင်းအုပ်ဖား(Clupisoma prateri)၊ ငါးမြင်းကကလောင်(Eutropiichthys vacha)နှင့် ငါးမြင်းကြက်တောင်(Proeutropiichthys taakree macropthalmos)တို့ ဖြစ်ပါသည်။
ငါးမြင်းမျိုးစိတ်များသည် ရေချိုရေငံစပ်မြစ်ဝများတွင်နေထိုင်သည့်ငါးမျိုးဖြစ်ပြီး ရေချို ရေငံနှစ်မျိုးစလုံးတွင်နေသော Amphidromous မျိုးဖြစ်ပါသည်။ ရေ၏အပူချိန်နှင့် ရေအငံနှုန်းပေါ်မူတည်ပြီးနေရာပြောင်းရွှေ့တတ်ပါသည်။ ငါးမြင်းများသည် ခရီးဝေးရွှေ့ပြောင်းသွားလာတတ်သည့် အဖြူရောင်ငါး White fish များဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကျော်အထိ ရွှေ့ပြောင်းသွားလာတတ်ပါသည်။
