1 ပတ် - ဘာသာပြန်ပါ။

#ငါးသလောက်ဥ ကို #ခရမ်းချဉ်သီး လေးနဲ့ ဆီပြန်ချက်စား သိပ်ကြိုက်😁😋
=========================
ပါဝင်ပစ္စည်းများ
========
ငါးသလောက်ဥ.. ၂၀သား
ခရမ်းချဉ်သီး.. ၁၀သား
ငရုပ်ပု...၂ကျပ်သား
ကြက်သွန်နီ..၅ကျပ်သား
ကြက်သွန်ဖြူ..အမွှာကြီး၄မွှာ
နနွင်းမှုန့်.. လက်ဖက်စားဇွန်း၁ဇွန်း
ဆား..ထမင်းစားဇွန်းဝက်
ဟင်းခတ်မှူန့်.. လက်ဖက်ဇွန်း ၁ဇွန်း
ရေသန့်...1လီတာ
မြေပဲဆီ ..၅ကျပ်သား
နံနံပင်...၅ပင်
ချက်နည်းအဆင့်ဆင့်
============
ပထမဦးစွာရေသန့် တစ်ဝက်နှင့်နနွင်းမှူန့်အနည်းငယ်ထည့်၍ ဆူပွက်အောင်တည်ထားပါ..ပြီးပါက ငါးသလောက်ဥကိုဆေးကြောသန့်စင်ပြီး ထည့်ပြုတ်ပါ။
ငါးဥများ အကြောတင်းပြီးကျက်လာပါက မီးပိတ်ပြီးဆယ်ယူထားပါ။
ခရမ်းချဉ်သီး ကိုဆေးကြောပြီးခပ်ပါးပါးလှီးထားပါ။
ဒုတိယအဆင့်အနေနဲ့ ငရုပ်ပုရေစိမ် အစေ့ထုတ်ပြီး ကြက်သွန်ဖြူနီတို့နှင့်ရောထောင်းထားပါ။
ချက်မည့်အိုးကိုအပူပေး၍ ဆီထည့်ပါ ဆီပူလာပါက ငရုပ်အနှစ်များဆီသတ်ပါ။ ဆားနှင့်ဟတ်ခတ်မှူန့် ထည့်ပါ ခရမ်းချဉ်သီးထည့်၍အနှစ်ကျသည်ထိမွှေပေးပြီး ပြုတ်ထားသော ငါးဥများထည့်ပါ။
သမအောင်အနည်းငယ်မွှေပေးပြီး ရေ တခွက်ထပ်ထည့်ပါ။
ရေခန်းဆီပြန်လာသည်ထိထားပြီး နံနံပင်အုပ်ကာ မီးပိတ်သုံးဆောင်နိုင်ပါပြီးရှင်။

image