မကျီးရွက်နုသုပ်
*****************
မကျည်းရွက်နု ( အရိုးရင့်လေးများ နွှင်ထားပါ။ )
ကြက်သွန်နီ,ငရုတ်သီးစိမ်း ( ပါးပါးလှီး )
မြေပဲဆန်လှော်ထောင်း,ပုစွန်ခြောက်မှုန့်
မြေပဲဆီ,ဟင်းခပ်မှုန့်,ငံပြာရည်
👉 အားလုံးရောနယ်ပီး သုပ်ရုံပါပဲ။
မြေပဲဆီမွှေး( ဆီစိမ်း )နဲ့ပဲ သုပ်တာပဲ စားကောင်းပါတယ်။
ဆီချက်နဲ့ သုပ်ရင် မလိုက်ဖက်ပါဘူး။
ပဲမှုန့်ထည့်တာထက် မြေပဲဆံ လှော်ထောင်းနဲ့ ပိုစားကောင်းပါတယ်။
မြေပဲဆန်က လှော်ထောင်းရပါတယ်။
အဆာပလာတွေ များလွန်းရင်လည်း
အချဉ်ဓါတ် ပျောက်သွားတတ်တာမို့ သင့်ရုံသာထည့်ပေးပါ။
သက်သက်လွတ်သမားများကတော့
ပုစွန်ခြောက်မှုန့်,ငံပြာရည် ရှောင်ပီး ဆားနဲ့ သုပ်ပေးပါ။
