ငါးသလောက်နှင့်မန်ကျည်းသီးနှပ်ချက်
************************************
▪️ပါဝင်ပစ္စည်းများ
ငါးသလောက်
ကြက်သွန်နီ
ကြက်သွန်ဖြူ
စပါးလင်
ရှောက်သီး
ငါးငံပြာရည်
မန်ကျည်းသီးမှည့်အနှစ်
နံနံပင်
✅ပထမဦးဆုံးငါးသလောက်ကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးငယ်များတုံးပါ။
ငါးငံပြာရည် ၊ ဟင်းခတ်မှုန့်တို့ထည့်ပေါင်းကာ..ရှောက်ရည်ညှစ်ထည့်ပြီး
၁နာရီခန့်နှပ်ထားပါ။
✅ညှက်အောင်ရောထောင်းသောကြက်သွန်နီ ၊ဖြူ တို့ကို နနွင်းမှုန့် ၊အရောင်တင်
မှုန့်အနည်းငယ်နှင့်အတူအရောင်ရအောင်ဆီသတ်ပါ။
ဓားပြားရိုက်ပြီးထုံးချည်ထားတဲ့..စပါးလင်ကိုလည်းထည့်ပေါင်းဆီသတ်ပါ။
၄ စိတ်လှီးထားသောခရမ်းချဉ်သီးလေးထည့်ပေါင်းပြီးအနှစ်ကျသည်အထိဆီသတ်
ပြီး မန်ကျည်းမှည့်အနှစ်လေးပေါင်းထည့်ပါ။
အရသာနယ်နှပ်ထားသော ငါးများထည့်ပေါင်းပြီးညှင်သာစွာမွှေပေးပါ။
ရေအနည်းငယ်ဖြည့်စွက်ကာအဖုံးပိတ်ပြီး ၂ရေလောက်ခမ်းသည်အထိနှပ်ချက်ပေးပါ။
နံနံပင်လေးအလှဆင်ပြီးသုံးဆောင်ပါ။
