#ပိန္နဲသီးပြုတ်သုပ် 🍲
ကုန်ကျစရိတ်လည်းသက်သာပြီးအရသာရှိရှိစားသုံးနိုင်တဲ့ပိန္နဲသီးပြုတ်သုပ်လေးပါရှင့် 🤩
🍲 ပါဝင်ပစ္စည်းများ
- ပိန္နဲသီးပြုတ်
- မြေပဲထောင်း
- မြေပဲဆံကြော်
- ပုစွန်ခြောက်ထောင်း
- ဆူးပုပ်
- ကြက်သွန်နီ
- ဆီချက်
- ဆား
- ငံပြာရည်
- ငရုတ်အလှော်မှုန့်
- ခရမ်းချဉ်သီးအနှစ်
🍲 ပြုလုပ်ပုံ
🔸ပိန္နဲသီးမနုမရင့်(နုလွန်းရင်သိပ်မကောင်း)ကို အခွံသင်တုံးတစ်ပြီး ဆားအနည်းငယ်ထည့်ကာ နူးအိတဲ့ထိ ပြုတ်ပေးရပါမယ်။နူးလာရင် ရေညှစ်ပြီး အမွှာလေးတွေ ဖဲ့ရွဲ့ထားပါရှင်း ။
🔸မြေပဲလှော် မညက်တညက်ထောင်းမယ်။
သတ်လွတ်မဟုတ်ရင် ပုဇွန်ခြောက်ကိုလည်း မညက်တညက် ထောင်းထားပါ။
🔸ဆူးပုပ်အနည်းငယ် ပြုတ်ပြီး ရေညှစ် ခပ်နုပ်နုပ်လေးလှီးထားပါ ကြက်သွန်နီ ပါးပါးလှီး ရေဆေး ရေစစ်ထား ပိန္နဲသီး နဲ့ အတူတူ သုပ်မယ့်ပန်းကန် ထဲ ထည့်ပါမယ်။
🔸ကိုင်းခရမ်းချဉ် အနှစ် ကျိုထားတာပါ ။
မလုပ်နိုင်ရင် အစိမ်းတိုင်း လှီးထည့် လည်း ရပါတယ်ရှင့်..
🔸သုပ်တော့မယ်ဆို မြေပဲထောင်း ပုစွန်ခြောက်ထောင်း ဆူးပုပ် ကြက်သွန်နီ ဆီချက် ဆား ငံပြာရည် ငရုတ်အလှော်မှုန့် ခရမ်းချဉ်သီးအနှစ် စသည်တို့ကို ထည့်ပါမယ်။ သေချာ နှံ့စပ်အောင် နယ်ပေးပြီးရင် အရသာမြည်းကြည့်ပါ..
🔸ချဉ်ငံစပ် ထိထိမိမိလေး ဆို ရပြီရှင်းမြေပဲဆံကြော် ဖြူးပြီးထမင်းနဲ့တွဲစားလို့ရသလို ဒီတိုင်းအလွတ်စားလည်းအရမ်းအရသာရှိပါတယ်ရှင့် 🤩
