လူတစ်ယောက်က
သူ ခံနိုင်ရည်ရှိတာထက်
ပိုနာကျင်လာရတဲ့အခါ
အများကြီး ပြောင်းလဲသွားတတ်တယ် ။
သူ မလုပ်ဖူးတဲ့အရာတွေ
အများကြီးလုပ်နေတတ်သလို
နာကျင်ရင် ငိုတတ်တဲ့ ကလေးက
အများကြီး နာကျင်ပြီးသွားတဲ့အခါ
ပိုပြီး ရီတတ်လာတယ်
တည်ငြိမ်နေတဲ့ ကလေးက
လူတွေ အများကြီးရှိတဲ့အရပ်မှာ
အထီးမကျန်သလို နေပြတတ်တယ်
ဆန့်ကျင်ဖက်အရာတွေကို
ပြောင်းလဲသွားတဲ့အခါမှ
ပြောင်းလဲသွားလေခြင်းဆိုပြီး
လူတွေက မြင်တတ်ကြတယ်
သူ သည်းခံခဲ့တာ
သူ မြိုသိပ်ခဲ့တာ
သူ နာကျင်ခဲ့ရတာတွေကို
ဘယ်သူမှ မြင်အောင် မကြည့်တတ်ခဲ့သလို
ဘယ်သူကမှ နားလည်မပေးခဲ့ဘူးလေ
လုံလောက်တာထက်ပိုပြီး
နာကျင်ရတဲ့ ကလေးလေးတစ်ယောက်က
တကယ်ပဲ အများကြီး ပြောင်းလဲသွားနိုင်ပါတယ် ။
#စာတို