1 ပတ် - ဘာသာပြန်ပါ။

ပြောချင်တာတွေမှ
အများကြီးပဲ
မေးချင်တာတွေမှ
အများကြီးပဲ
ဒါပေမယ့်လဲ
ဘယ်တော့မှ မနီးချင်တော့တဲ့သူကို
အနှောင့်အယှက်မပေးချင်တော့ရုံသက်သက်
နှုတ်ဆိတ်နေလိုက်တာပါ
အရင်စိတ်နဲ့သာဆို
မျက်ရည်တွေကျပြီး
မေးခွန်းတွေ အများကြီးမေးနေမိဦးမှာ
ခုက ...
ဘယ်လောက်ဆွဲထားဆွဲထား
မမြဲတော့ဘူးဆိုတာ
သေချာနေပြီလေ ။
#စာတို