1 ပတ် - ဘာသာပြန်ပါ။

ကိုယ်အလိုကျတုန်းကလဲ
မေတ္တာမပျက်ခဲ့သလို
ကိုယ်အလိုမကျချိန်မှာလည်း
မေတ္တာမပျက်ခဲ့ပါဘူး။
လူပဲလေး မှန်တာရှိသလို
မှားတာလည်းရှိနေနိုင်တာပဲ။
အမှန်တွေကိုလက်သင့်ခံသလို
အမှားတွေကိုလည်းခွင့်လွှတ်နိုင်ပါတယ်။
လူတိုင်းအမှားမှမကင်းတာ
အရေးကြီးတာက အမှားကိုသင်္ခန်းစာယူဖို့ရယ်
ဒီအမှားမျိုးထပ်မဖြစ်အောင်ရှောင်ကြဥ်ဖို့ရယ်ပဲ။
အမှားကိုအမှားမှန်းသိပြီး
ရှောင်ကြဥ်နေထိုင်မယ်ဆိုရင်
တစ်နေ့ကျရင် အမှားတွေကင်းသွားပါလိမ့်မယ်။
အမှန်ကိုပြုပြင်နိုင်တဲ့သူအတွက်
အမှားကိုခွင့်လွတ်ပေးရတာဟာ
ကိုယ့်ကမ္ဘာနဲ့ကိုယ့်ပတ်ဝန်းကျင်ကို
အလှတွေဆင်လိုက်သလိုပါပဲ။
#စာတို