#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၆ဝဝဝ စေလွှတ်မည်
ယူကရိန်း၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများအပြီးတွင် ရုရှားအနောက်ပိုင်း ခါ့ချ်ဒေသပြန်လည်တည်ဆောက်ရေးတွင် ကူညီရေးအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၆ဝဝဝ စေလွှတ်ရန် ကင်ဂျုံအန်က ဆုံးဖြတ်လိုက်ကြောင်း ရုရှားတာဝန်ရှိသူများက ဇွန် ၁၇ ရက်တွင် ပြောသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း နှင့်ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုဂူသည် သမ္မတပူတင်၏ အထူးတာဝန်အနေ ဇွန် ၁၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းသို့သွားရောက်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြ ထားသည်။
၎င်းသည် ကင်ဂျုံအန်နှင့်နှင့်တွေ့ ဆုံရန် ယခုလအတွင်း ဒုတိယအကြိမ် မြောက်ကိုရီးယားခရီးစဉ်လည်းဖြစ်ပြီး ဇွန် ၄ ရက်ကလည်း ပြုံးယမ်းသို့ သွားရောက်ခဲ့သည်။ မြောက်ကိုရီး ယားသည် ရုရှား ခါ့ချ်ဒေသ လမ်းတံတားနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက်တပ်ဖွဲ့ ဝင် ၆ဝဝဝ စေလွှတ်ပေးမည်ဟု အစည်းအဝေးအပြီးတွင် ဆာဂေးရှိုဂူ က ပြောသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့သည်ယူကရိန်းကိုတိုက်ခိုက်ရာတွင် ကျဆုံးသွားသော မြောက်ကိုရီးယားစစ်သားများအတွက် အောက်မေ့ဖွယ်အခမ်းအနားများလုပ်ရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် ရရှိခဲ့သည့်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည်။
အင်န်အိတ်ချ်ကေ

image