1 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတောင်ပိုင်း ချွန်ပွန်ခရိုင်တွင် ကားနောက်ဖုံးအတွင်း လိုက်ပါလာသည့် မြန်မာလုပ်သား ၂၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ဇွန် ၁၇ ရက်က ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့ (Highway Police) က ထုတ်ပြန်ထားချက်အရ သိရသည်။
ချွန်ဖွန်ခရိုင် ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့သည် ကင်းလှည့်အဖွဲ့ နှင့် ပူးပေါင်းပြီးမြို့ရှောင်ကွင်းသည့် ကျေးလက်ကားလမ်းပေါ်တွင် သံသယဖြစ်ဖွယ်ပစ်ကပ်ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်မြန်မာနိုင်ငံသား ၂၆ ဦးကို ကားနောက်ဖုံးသေတ္တာပုံစံအတွင်းတွင် ပြည့်ကျပ်ကာ ခိုးယူသယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် တရားဝင်စာရွက်စာတမ်းများမရှိဘဲ ၎င်းတို့အား ရာချ်ဘူရီပြည်နယ်မှ သခင်္လာခရိုင်ရတ်ဖူမ်မြို့နယ်သို့ သယ်ယူပို့ဆောင်ရန်အတွက် ဘတ် ၅ဝဝဝဝ ဖြင့်ငှားရမ်းခြင်းခံရကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံဝန်ခံထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၂၆ ဦးနှင့်ယာဉ်မောင်းအားစွဲချက်တင်ပြီး ထိန်းသိမ်းခဲ့ကြောင်း ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ - Highway 1193

image