ဆရာ တင့်တယ်ရဲ့
ဂန္ထဝင်ဝတ္ထုလက်ရာဖြစ်တဲ့ ‘ကမ္မဖလ’ ၊
ရုံတင်ဇာတ်ကားကြီးအဖြစ်
ရုံတင်ပြသခဲ့တဲ့ ‘ကမ္မဖလ’
ကံ ကံ၏အကျိုးဆိုတဲ့ ဗုဒ္ဓဘာသာရဲ့
အနှစ်သာရကို ဇာတ်လမ်းဆင်ထားတဲ့
မကျူးလွန်ခဲ့တဲ့ လူသတ်မှုတစ်ခုအပေါ်
‘မေ*သမချင်း ကြိုးကွင်းစွပ်၍ သ*တ်စေ’
ဆိုတဲ့ စက်ရှင်တရားသူကြီးရဲ့
အမိန့်သံအဆုံးမှာ အားပါးတရ အော်ဟစ်
ရယ်မောလိုက်တဲ့ ဦးကံကောင်းရဲ့ ရယ်သံကို
ရုပ်ရှင်မှာ ကြားရသလို ဝတ္ထုထဲမှာပါ
ကြားရအောင် ရေးဖွဲ့ပေးခဲ့တဲ့
လက်ရာကောင်း စာတစ်အုပ်။
လူခြောက်ယောက်နဲ့ ရဟန်းတစ်ပါးကို
အစီအစဉ်တကျ ကြံစည် လုပ်ကြံ
သ*တ်ဖြတ်ခဲ့စဉ်က မသိကြဘဲ
မကျူးလွန်ခဲ့တဲ့ လူသတ်မှုကျမှ
ကြိုးမိန့်ပေးခံရတဲ့ ဦးကံကောင်း၊
ကံတရားအလှည့်အပြောင်းတွေကြားက
ကံမကောင်းတဲ့ ကံကောင်းရဲ့
ဘဝကံအကျိုးပေးကို ရေးဖွဲ့ထားပြီး
ဇာတ်အိမ်အလှည့်ပြောင်း ကောင်းကောင်းတွေ၊ မြှုပ်ကွက် လှည့်ကွက် ဇာတ်ရှိန်အတက်အကျ
နိုင်နိုင်နင်းနင်းနဲ့ စာဖတ်သူများ ဝတ္ထုရဲ့
ဆွဲခေါ်ရာကို လိုက်ပါ ခံစားနိုင်မှာပါ။
