▫️ခမာနီတွေရက်စက်ခဲ့သမျှ▫️
ကွပ်မျက်မှုများ၊
အစာအာဟာရ ငတ်ပြတ်မှုများ၊
ရောဂါ ဘယဖြစ်စေမှုများနှင့်
အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ
ရှိခဲ့သည့်
၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ် စပ်ကြားတွင်
ခမာနီတို့ သည် ကမ္ဘောဒီးယားလူဦးရေ၏
လေးပုံ တစ်ပုံနီးနီးဖြစ်သော
လူနှစ်သန်းခန့် ကို စနစ်တကျ
သတ်ဖြတ်ခဲ့ကြသည်။
ဤစာအုပ်သည် ကျွန်မ ကိုယ်တိုင်နှင့်
ကျွန်မ မိသားစု၏ ရှင်သန်
လွတ်မြောက်ရေးအတွက်
ရုန်းကန်ခဲ့ရပုံကို ရေးဖွဲ့ထားသည့်
ဖြစ်ရပ်မှန်ဇာတ်ကြောင်း ဖြစ်သည်။
စာအုပ်ထဲတွင် ယင်းအဖြစ်အပျက်များနှင့်အတူကျွန်မ၏အတွေ့အကြုံများကို ထည့်သွင်းထားသော်လည်း ကျွန်မဘဝ ဇာတ်ကြောင်းသည်
သန်းနှင့်ချီသော ကမ္ဘောဒီးယား
ပြည်သူများ၏ ဘဝကို ထင်ဟပ်
ပြသနေပေသည်။ ထိုကာလအတွင်း
ကမ္ဘောဒီးယား ၌ နေခဲ့ဖူးသူဆိုလျှင်
ဤဇာတ်ကြောင်းသည် သူ့ဘဝ
ဇာတ် ကြောင်းဆိုလည်း မှားမည်မဟုတ်ချေ။
