1 w - Translate

ပန်းချီကားတစ်ချပ်လို လူ၏ပုံရိပ်
ကောက်ကြောင်းကို ခြယ်မှုန်းထားသည့်
သဘောကိုဆောင်၍ ရုပ်ပုံလွှာဟု
အမည်ပေးခဲ့ဟန်လည်း တူသည်။
အောင်ဆန်း သို့မဟုတ် အရိုင်း၊ ကိုဗဆွေ၊
သခင်နု၊ သိန်းဖေမြင့်...စသည့်
အထင်ကရပုဂ္ဂိုလ်ကြီး (၁၇) ဦးတို့၏
သမိုင်းကြောင်း ရုပ်ပုံလွှာများ ပါဝင်ပါသည်။
စာအုပ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာပြည်လွတ်လပ်ရေးအတွက်သာ
အစဉ်တွေးတောနေသူ၊ ဆက်ဆံရခက်သည့်သူ၊ လွတ်လပ်ရေးကလွဲ၍ အခြားအရာများ
စဉ်းစားလေ့မရှိသည့်သူ ဟူသော
အရေးအသားပုံစံမျိုးဖြင့် စာရေးသူ၏အမြင်ကို
ထင်ထင်လင်းလင် ဖွဲ့နွဲ့ရေးသားထားသည် ။

image