1 w - Translate

❛ သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ ။ ။
• အောင်ချိမ့် / အသည်းစွဲကဗျာဆရာ (၅) •

image