1 w - Translate

❛ မန္တလေးတွင် အစပြုခဲ့သည့်
မျိုးဆက်သုံးဆက်၏
အံ့ချီးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊
စွဲမက်ဖွယ် ဝတ္ထု ❜
• • •
စစ်မက်သည်လည်း ပြီးဆုံးခဲ့ပြီ။
ဘုရင်မင်းမြတ်သည်လည်း ဥယျာဉ်တော်စံနန်း လေသာဆောင်မှာထိုင်တော်မူရင်း
စစ်အောင်နိုင်သူ ဗြိတိသျှကိုယ်စားလှယ်
ကာနယ်စလေဒင် အခစားဝင်မည့်အချိန်ကို
စောင့်နေရပြီ။ မွန်းတိမ်းစတုန်းကတော့
ယဉ်ကျေး ဖွယ်ရာသော စကားလုံးများကိုသုံးကာ တောင်းပန်ရင်း အသိပေးခဲ့တာ ရှိသည်။
နောက်တစ်နေ့မှာ မင်းမိဖုရားနှင့်တကွ
ဘုရင့်မိသားစုများအား မန္တလေးမှ
ဆောင်ယူရန်ရှိပါကြောင်း၊
ဘုရင်မင်းမြတ် အနေဖြင့် ရသမျှ
အချိန်အတောအတွင်း ဆောင်ရွက်ဖွယ်ရှိသမျှ
ပြင်ဆင်ထားရန်ဖြစ်ပါကြောင်း လျှောက်တင်
ခဲ့ခြင်းဖြစ်၏။ သီပေါမင်းတရားကြီး
ရွှေနန်းတော်ပြင်ပသို့ ရွှေစကြာဖြန့် တော်မူခြင်း
မရှိခဲ့သည်ပင် ခုနစ်နှစ်ရှိပြီ။ ရတနာပုံ
ရွှေမြို့တော်အနီးဝန်းကျင်ကိုပင် သူ့ဘဝ
တစ်လျှောက် ရောက်ခဲ့ဖူးသည်မဟုတ်။
သူ့အတွက် ပြင်ဆင်စရာရှိတာ ပြင်ထားရအောင်
ဘာတွေများ လုပ်ထား ရမှာပါလိမ့်။ လကမ္ဘာကို
ရွှေစကြာဖြန့်ရမည့်ခရီးမို့ ကြိုတင်ပြင်ဆင်ရတယ်
ဆိုရင်လည်း ပြင်ရပါရဲ့။ သီပေါမင်းတရားကြီးက
ကာနယ်စလေဒင်ကို ကောင်းစွာ သိကျွမ်းသည်။
ကာနယ်စလေဒင်သည် ဗြိတိသျှ
ကိုယ်စားလှယ်အဖြစ် နှစ်အတန်ကြာ
တာဝန်ထမ်းရွက်ခဲ့သူဖြစ်၍
မြန်မာ့နန်းတွင်းသို့ မကြာခဏဆိုသလို
ဝင်ရောက်ခစားလေ့ရှိသူဖြစ်သည်။
မြန်မာစကားကို
နယ်ရေဖတ်ရေ ပြောနိုင် သူဖြစ်သည်။
ဒူးနေရာဒူး၊ တော်နေရာတော် လျောက်ပတ်သော
ကိုယ်နှုတ်အမူအရာ ရှိသူလည်း ဖြစ်၏။
တစ်ခါတစ်ရံ ရင်းနှီးဖော်ရွေစွာ ခင်ခင်မင်မင်
ဆက်ဆံခြင်းများပင် ရှိသည်။
ဘုရင်မင်းမြတ်က
သူ့အနေဖြင့် တစ်ပတ်တန်သည်၊
လေးငါးရက်တန်သည်
အချိန်ယူချင်သေးကြောင်းမိန့်ခဲ့သေးသည်။
အခုတော့ကော ဘာအကြောင်းများ
ထူးနိုင်တော့လို့လဲ။ ဗြိတိသျှတို့က စစ်နိုင်ပြီး
သူက စစ်ရှုံးရပြီဆိုမှတော့ တစ်ရက်
နှစ်ရက်ဆိုတော့ကော ဘာများ
ကွာခြားသွားလို့တုန်း ။
_ _ _ _ _ _ _ _ _ _ _ _
• နေဝင်းမြင့် •
▪️ရေကန်သာကြာတိုင်းအေး▪️

image