1 w - Translate

စုံထောက်ဝတ္ထုကိုမှ ဥာဏ်ချင်းပြိုင်ပြီး
အမှုဖော်ထုတ်တာ ကြိုက်တဲ့ ပရိသတ်အတွက်
ဒီအတွဲ ပြန်လာပါပြီ။
အရင် ထွက်ခဲ့တဲ့ ၄အုပ်မှာ ( ဖြေသိမ့်ရာကုန်စုံဆိုင်, လက်ဗွေနီနီ, ကိုယ်ကိုစတေး၍ , ငြိုးမာန် ) ပရိသတ်အားပေးမှု အပြည့်ရခဲ့တဲ့ အတွဲပါ။
ခုတစ်အုပ်ကတော့ ' ကယ်မတော်မူသော ' တဲ့ ။
' Salvation of A Saint ' ကိုဘာသာပြန်ထားတာ။
Higashino ရဲ့ထုံးစံအတိုင်း လူသ.တ်မှုမှာ စကတည်းက သ.တ်သူကို ပြထားတယ်။ ဘာကြောင့်သ.တ်ချင်လဲ ဆိုတာကို တဖြည်းဖြည်းချင်း ပြလာပြီး ဘယ်လိုသ.တ်လဲ ဆိုတာကိုတော့ အမှုဖော်ထုတ်သူက ဥာဏ်ကစားပြီး ဖော်ထုတ်ပြလိုက်တယ်။
ဇာတ်လမ်းမှာ အသ.တ်ခံရသူက သူ့မိန်းမနဲ့ ကွာရှင်းကြဖို့ တောင်းဆိုတဲ့ အခန်းနဲ့ စ ထားတယ်။
သူ့မိန်းမက ဂျပန်ပန်းထိုးပန်းချီ (Tapestry) ပညာရှင်။
သူတို့မှာ အိမ်ထောင်ကျပြီး ၁ နှစ်ကြာတဲ့အထိ ကလေးမရဘူး။
သူအိမ်ထောင်ပြုရတဲ့ အဓိက ရည်ရွယ်ချက်က ကလေးရဖို့ပဲ။
ကလေးမရနိုင်တဲ့ မိန်းမကို ကွာရှင်းဖို့ သူကြံတာနဲ့ ဆက်ဖြစ်လာတာတွေက ............

image