1 w - Translate

" ကမ္ဘာရယ်...
ပုံပြင်တွေမှာတောင်
မြစ်ရဲ့အပြန်လမ်းဆိုတာ မရှိခဲ့လေတော့
စွယ်တော်ရွက်တစ်ရွက်ဟာ
နှစ်ခါသေတယ် . . .
▪️ထက်တည်မြင့်
_ _ _ _ _ _ _ _ _ _ _ _
" ငရဲနဲ့ နိဗ္ဗာန် "
အဇာတသတ်ကလည်း
နောက်ကို လှည့်မကြည့်တော့။
ဒေဝဒတ်ကလည်း
နောက်ကို လှည့်မကြည့်တော့။
လွမ်းရစ်တော့ သက်လှယ်ရယ်
သိဒ္ဓတ္ထကလည်း
နောက်ကို လှည့်မကြည့်တော့။
ကိုယ့်ပါရမီနဲ့ ကိုယ်
သွားစရာရှိတာ သွားကြတယ်။
▪️ခင်ဇော်မြင့်
× × × × × × × × × × × × × ×
▫️ထက်တည်မြင့် // ခင်ဇော်မြင့်▫️
▪️ကဗျာ▪️

image